Episode.17(Unicode)

3.6K 255 27
                                    

အချိန်ကာလတစ်ခုကြာသည်အထိ ရေးဆွဲခဲ့ရတဲ့ ပန်းချီကားတစ်ချပ်သည်
အဆုံးသတ်ချိန်၌အသက်ဝင်ပြီးခမ်းနားလွန်းနေသည်။ပန်းချီကားပေါ်မှာ လှပတင့်တယ်စွာ နေရာယူထားတဲ့ အမျိုးသမီးသည် ပန်းချီ့နှလုံးသားရဲ့ ပဲ့ကိုင်ရှင်ပင်။အတိုင်းအဆမရှိလှပနေတဲ့ အမျိုးသမီးရဲ့အပြုံးတွေဟာ နူးညံ့ကာလှပလွန်းသည်၊၊ကိုယ်နေဟန်ကလည်း အချိုးကျကာ ကျက်သရေရှိလွန်းသည်။သူမဟာ ပန်းချီမြတ်မြတ်နိုးနိုးချစ်ရတဲ့ အမျိုးသမီးပင်။

မြတ်၏ပုံတူပန်းချီကားကိုလက်ဆောင်ပေးရန် နှလုံးသားနဲ့ရင်းကာအသေအချာပင်ရေးဆွဲခဲ့သည်၊၊
မြတ်အိမ်မှပြန်လာကတည်းက ရေးဆွဲနေသည့် ထိုပန်းချီကားသည် ယခုမှသာ ရေးဆွဲလို့ပြီးသွားသည်၊၊ပန်းချီဆရာမဟုတ်ပေမယ့် ရေးဆွဲထားသည့် ပန်းချီကားသည်တော့ အပြစ်ပြောစရာမရှိလောက်အောင် ရက်ရက်စက်စက်လှလွန်းသည်။ထိုပန်းချီကားကို ကြည့်ရင်ကို မြတ်အပေါ်ထားတဲ့ ပန်းချီရဲ့ ခံစားချက်တွေကို အလွယ်တကူပင်သိနိုင်သည်၊၊ခံစားချက်အပြည့်နဲ့ရေးဆွဲခဲ့သည်မို့ အနုစိတ်ကာ လှပလွန်းသည်။

ပန်းချီကားကို လက်ခံရရှိမည့် မြတ်သာ ခံစားချက်တွေကို နားလည်နိုင်ရင် ဖြင့် ပန်းချီ့စိတ်တွေကြည်နူးရပေမည်။ပန်းချီကားတစ်ခုကနေအစပြု၍ အချစ်တစ်ခုဖြစ်တည်လာနိုင်သေးသည်မဟုတ်လား။ကံကြမ္မာက မျက်နှာသာပေးခဲ့ရင်...။သို့မဟုတ် ဒီချစ်ခြင်းမေတ္တာဟာ မြတ်လက်ခံပေးခဲ့ရင်...။ထိုပန်းချီကားချပ်ဟာ
ခံစားချက်တိုင်းကို သူများမသိအောင် ဖုံးကွယ်တတ်တဲ့ မြတ်ရဲ့ ခံစားချက်အစစ်အမှန်ကိုရော ထွက်ပေါ်လာစေမည်လား။

အိပ်စက်နေတဲ့နှလုံးသားတစ်ခုကရော အသာအယာပင်နိုးထမည်လား။ပန်းချီကားထဲတွင် စာတစ်စောင်ပါရေးထည့်လိုက်လေသည်၊၊ထိုစာကရော မြတ်ကို ရင်ခုန်စေနိုင်ရဲ့လား။ထိုပန်းချီကားကို အသေအချာပင် ထုတ်ပိုးပြီး လူလွှတ်ကာ ချစ်ရသည့်၊
မြတ်နိုးရသည့်အမျိုးသမီးဆီကိုပို့ခိုင်းလိုက်ပြီး ရင်ခုန်စွာဖြင့်သာကုမ္ပဏီကိုဦးတည်တော့သည်။

***

မနက်စာဝယ်ကျွေးမယ့်သူရှိတာကြောင့် အိမ်ကနေ မနက်စာမစားတော့ဘဲ ရုံးခန်းဆီကိုသာ မြတ်ဦးတည်လာခဲ့သည်၊၊ယနေ့မှ မြတ်၏အပြင်အဆင်သည် အရင်နေ့တွေနဲ့မတူဘဲ တမူထူးခြားပြီး ပို၍လှပနေသည်၊၊ရုံးခန်းကိုရောက်တော့ နေခြည်သည် စားစရာတွေကို အဆင်သင့်ပြင်ထားပြီးသားဖြစ်နေသည်၊၊ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ နေခြည်သည် မမြင်ဖူးသည့် သူတစ်ယောက်လိုပင် ခေါင်းအစခြေအဆုံးကြည့်လို့နေပြန်သည်၊၊မြတ်ကပဲ အလှတွေပိုတိုးနေလေသလား။

"နှလုံးသား၏ စေခိုင်းရာ"(Completed)Where stories live. Discover now