💜
1.2K 63 14
စာဖတ်သူလေးတွေကို အသိပေးစရာဆိုတာထက် တိုင်ပင်စရာလို့ပြောရင်ပိုမှန်မလားပဲ။အခု "နှလုံးသား၏စေခိုင်းရာ"ပြီးဆုံးသွားချိန်မှာ တစ်ချို့သော စာဖတ်သူလေးတွေက စာအုပ်ထုတ်ဖို့ တိုက်တွန်းလာကြပါတယ်။အဲ့လိုလေးတွေကြားရတော့ တကယ်ပီတိဖြစ်မိတာ အရမ်းပဲ။ဒါပေမယ့် ဒီတိုက်တွန်းချက်ကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာတော့ တကယ်မသိသေးပါဘူး။
ပထမတစ်ခုက လူသိနည်းတဲ့စာရေးသူတစ်ယောက် စာအုပ်ထုတ်ဖို့က မလွယ်ဘူးမဟုတ်လား။စာရေးသူက သူရပ်တည်နေတဲ့ နယ်ပယ်မှာ နာမည်တစ်ခုရနေဖို့တော့ လိုမယ်ထင်ပါတယ်(ဒါကလည်း ကျွန်မရဲ့ အမြင်ပါနော်)။
ဒုတိယတစ်ခုက စာဖတ်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်တာပါပဲ။ကျွန်မကိုယ်တိုင်လည်း ကိုယ်တိုင်ဖန်တီးထားတဲ့ ဝတ္ထုလေးကိုစာအုပ်လေးတစ်အုပ်အဖြစ်မြင်ချင်သလို ဇာတ်ကောင်လေးတွေကို စာအုပ်လေးတစ်အုပ်ထဲမှာ လှလှပပလေးနေရာယူနေတာကိုလည်း တကယ်မြင်ချင်မိပါတယ်။တိုင်ပင်စရာလူများများစားစားမရှိတဲ့သူမို့ စာဖတ်သူတွေက ကျွန်မရဲ့အကောင်းဆုံးတိုင်ပင်ဖော်တွေပါ။
တတိယတစ်ခုက စာအုပ်ထုတ်တယ်ဆိုတာ တကယ်မလွယ်တဲ့ကိစ္စပါ။အဓိကကတော့ စာဖတ်သူတွေပေါ့နော်။စာဖတ်သူတွေသဘောကျမှ ထုတ်ရတာ ပိုအဆင်ပြေမှာမဟုတ်လား။ဒါကြောင့်မို့ စာဖတ်သူတွေက ဒီဝတ္ထုအပေါ် ကိုယ့်ရဲ့အမြင်ကို မကွယ်မဝှက်ဘဲ ရင်ထဲကရှိတဲ့အတိုင်း ပြောပေးပါလို့တောင်းဆိုပါရစေ။စာအုပ်ထုတ်ရင်ရော သဘောကျကြမှာလားဆိုတာရောလေ။
ဒီနယ်ပယ်မှာ ဆက်ရှိရင်တောင် အောင်မြင်မှုမှတ်တိုင်သေးသေးလေးတစ်ခုတော့ စိုက်ထူချင်မိပါတယ်။အကယ်၍ ဆက်မရြှိဖစ်ရင်တောင် အမှတ်တရလေးတစ်ခုအဖြစ် ချန်ထားခဲ့ချင်တဲ့ ဆန္ဒလေးရှိပါတယ်။ဒီဝတ္ထုလေးကို စရေးတဲ့အချိန်က ဒီလောကကိုစဝင်ခါစမို့ လိုအပ်ချက်တွေ တအားများခဲ့ပါတယ်။ဒါကြောင့်လည်း တတ်နိုင်သလောက်၊ညဏ်စွမ်းရှိသလောက်ပြင်ဆင်ခဲ့တာမို့ သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။
နောက်ဆုံးပြောချင်တာကတော့ အတတ်နိုင်ဆုံးကြိုးစားကြည့်ပါမယ်။စုံစမ်းကြည့်ပါမယ်။အခုချိန်မဟုတ်ရင်တောင် အချိန်တစ်ခုကျရင်တော့ မောင်နဲ့အန်တီမြတ်နာမည်လေးတွေကို စာရွက်လေးပေါ်မှာ မြင်ရအောင်ကြိုးစားကြည့်ပါမယ်။စာအုပ်မဖြစ်ခဲ့ရင်တောင် တရုတ်စံကားပန်းလေးတြွေမင်တိုင်း၊ခရမ်းနုရောင်လေးတြွေမင်တိုင်း၊တရားသူကြီးဆိုတဲ့ နာမည်လေးကြားတိုင်း၊မောင်ဆိုတဲ့နာမ်စားလေးကြားတိုင်း၊အန်တီဆိုတဲ့နာမ်စားလေးကြားတိုင်း တိမ်ပန်းချီမောင်နဲ့ဒေါ်မြတ်သဒ္ဒါသွေးကို သတိရရင်ဖြင့် ကျေနပ်လှပါပြီရှင်။
~~~
You've reached the end of published parts.
⏰ Last updated: Jul 21 ⏰
Add this story to your Library to get notified about new parts!
"နှလုံးသား၏ စေခိုင်းရာ"(Completed)Where stories live. Discover now