2

7.8K 1K 152
                                    

Unicode

အခန်း - (၂) : Beginner’s Instance (2)

ချန်ကျစ်ချူးခမျာ သူ အကြောက်လွန်၍ ရူးသွားပြီဟု ထင်မှတ်နေတော့သည်။

မဟုတ်ရင် လည်ပင်းဓားထောက်ခံနေရတဲ့ အချိန်မှာတောင် ရူးကြောင်ကြောင်အသံတွေ ဘာလို့ကြားနေရတာလဲ..? ပြီးတော့လည်း ကြားနေရတာက စိတ္တဇလူသတ်ကောင်ကို ဖက်နမ်းဖို့တဲ့..? လာနောက်နေတာလား..?!

သို့သော် အတော်လေး အစစ်အမှန်ထင်ရသော ထိုအသံသည် သူ၏စိတ်ထဲတွင် မြည်ဟည်းနေဆဲ။

[ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ပါဘူး.. မင်း မရူးသေးဘူး..]

[အဲ့လိုထင်နေလည်း ကိစ္စမရှိဘူး.. တစ်ခါလောက်တော့ ကြိုးစားကြည့်သင့်တယ်လေ.. သူ့ကို နမ်းလို့ရမလား မေးကြည့်လိုက်..]

[မင်းလည်း ကြားတာပဲ.. သူ မင်းကို ချစ်တယ်လို့ ပြောခဲ့တယ်လေ.. သူ့ရဲ့ခံစားချက်ကို တုံ့ပြန်သလိုလိုနဲ့ နမ်းချင်ယောင်ဆောင်လိုက်ရင် သူ မင်းကို လွှတ်ပေးချင်လွှတ်ပေးမှာပေါ့.. အလုပ်မဖြစ်လည်း ဘာဖြစ်လဲ.. မင်းက သေတော့မယ့်လူပဲ အရှုံးမရှိပါဘူး..”]

ထိုစကားလုံးများကြောင့် နဂိုဖြူဖျော့နေသော ချန်ကျစ်ချူး၏ မျက်နှာသည် ချက်ချင်း နီရဲတက်လာတော့၏။ ဤသည်က ဒေါသကြောင့် ဖြစ်ပေါ်လာခြင်းသာ။

အရှုံးမရှိဘူးလို့ ဘယ်သူပြောလဲ..? အဖြောင့်တစ်ယောက်ရဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာကို ဆုံးရှုံးရမှာကွ..! ကောင်မလေးတွေနဲ့တောင် တစ်ခါမှမနမ်းဖူးတာ၊ ဒီသောက်ရူးကောင်နဲ့ လာနမ်းခိုင်းနေရလား..?!

[First Kiss လေးတောင် မရှိဖူးဘဲ သေသွားတာက အရူးတစ်ယောက်ကို နမ်းရတာထက် ပိုဆိုးမနေဘူးလား..? တစ်ဖက်လူက မင်းထက်တောင် ပိုကြည့်ကောင်းသေးတယ်.. အဲ့တာတောင် အင်တင်တင် လုပ်ချင်သေးတာလား..?]

လစ်..! သောက်ရူးကောင်စားလို့ သေချင်သေသွားပါစေ၊ ဘယ်တော့မှ မနမ်းဘူးကွ..!

“ဖောက်..!”

ခွဲစိတ်ခန်းသုံးဓားမှတဆင့် ကြမ်းပြင်ပေါ်သို့ သွေးတစ်စက်ကျသွား၏။ လည်ပင်းပေါ်မှ စူးရှရှနာကျင်မှုသည် ချန်ကျစ်ချူးအား အသိပြန်ဝင်လာစေပြီး သူ၏လည်ပင်းမှ သွေးများ ဖြည်းဖြည်းချင်း စီးကျလာသည်ကိုပင် မြင်နေခဲ့ရသည်။ ထိုအမျိုးသား၏ အေးတိအေးစက်အပြုံးသည် ခွဲစိတ်ခန်းသုံးဓား၏ အေးစက်စက် ဓားသွားပေါ်တွင် ရောင်ပြန်ဟပ်နေလေသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now