9 - Midnight mansion (7)

4.8K 820 27
                                    

Unicode

အခန်း - (၉) : သန်းခေါင်ယံစံအိမ် (၇)

“ခလွမ်..”

ဒယိမ်းဒယိုင် ပြန်ကုန်းထလာသော ဦးခေါင်းမဲ့အလောင်းကြီးကို ကြည့်ပြီး ချန်ကျစ်ချူး၏လက်များ တုန်ယင်လာ၏။ လက်ထဲမှ ဓာတ်မီးပင် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး တစ်ဖက်သို့ လိမ့်သွားသည်။ နှလုံးခုန်ရပ်လုမတတ် ကြောက်လန့်နေသဖြင့် လက်ချောင်းထိပ်များပင် ထုံထိုင်းလာခဲ့ချေပြီ။

ထိုအခိုက်… သူ၏စိတ်ထဲတွင် ခဏခဏ သရဲခြောက်ခံနေရပြီး ကြောက်လန့်တကြား အသက်ရှင်နေမည့်အစား သေသာ သေသွားချင်တော့သည်။

သေပြီး တခြားလူတွေနဲ့အတူ မကောင်းဆိုးဝါးဝိဉာဉ်အဖြစ် ပြောင်းလဲသွားတာ ပိုကောင်းတယ်လေ။ အဲ့လိုဆို တစ်ယောက်နဲ့တစ်ယောက် ထိခိုက်နာကျင်အောင် လုပ်လို့မရတော့ဘူး..!

သို့သော် ထိုအတွေးက သူ၏ဦးနှောက်ထဲတွင် တစ်ခဏသာ ဖြတ်ပြေးသွား၏။ သူ့ကိုယ်သူ သိသည်။ သူ့လို အသုံးမကျသည့် လူတစ်ယောက် သေသွားလျှင် မကောင်းဆိုးဝါးဝိဉာဉ် ဖြစ်လာမှာမဟုတ်ဘဲ မကောင်းဆိုးဝါးဝိဉာဉ်များ၏ အစာအဖြစ် လူသေအလောင်းသာ ဖြစ်သွားလိမ့်မည်။

ဒါပေမဲ့ ရန်ရွှယ်ရဲ့ခန္ဓာကိုယ်က ဘာလို့လှုပ်နေသေးတာလဲ..? လည်ဆွဲက အစွမ်းရှိနေသေးတာလား..? ရန်ရွှယ်ကို ဆက်မထိန်းချုပ်နိုင်အောင် လည်ဆွဲကို ဖျက်ဆီးပစ်ရမှာလား..?

မြလည်ဆွဲအကြောင်း တွေးမိသည်နှင့် ချန်ကျစ်ချူးလည်း ချက်ချင်းဆိုသလို လှုပ်ရှားလိုက်၏။ လည်ဆွဲကျသွားသည့်နေရာကို မှတ်မိနေသဖြင့် ကြမ်းပြင်ပေါ်ကျနေသော ဓာတ်မီးကို အမြန်ကောက်ကာ ထိုနေရာသို့ အလင်းထိုးလိုက်သည်။ သို့သော် ထိုတဒင်္ဂ.. ချန်ကျစ်ချူး၏ တစ်ကိုယ်လုံး အေးစက်သွားခဲ့သည်။ ဘယ်သူမှမကောက်ပါဘဲ လည်ဆွဲက သူ့အလိုလို ပျောက်သွားချေပြီ။

“လည်ဆွဲ… ဟိုလည်ဆွဲ မရှိတော့ဘူး..” ချန်းကျစ်ချူးက ထိတ်လန့်တကြား ပြောလိုက်သည်။ “အဲ့ပစ္စည်းက သာမာန်ဇာတ်ဝင်ပစ္စည်း မဖြစ်နိုင်ဘူး.. ကျိန်စာသင့်ပစ္စည်းပဲ ဖြစ်ရမယ်..!”

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now