12 - Midnight Mansion (10)

4.6K 806 22
                                    

Unicode

အခန်း - (၁၂) : သန်းခေါင်ယံစံအိမ် (၁၀)

ဂျိုရှုအာက ရုတ်တရက် လည်ပင်းထညှစ်လာသဖြင့် ချန်ကျစ်ချူးမှာ အသက်ရှူကျပ်သွားပြီး ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွား၏။ သူ့လည်ပင်းကို ညှစ်ထားသော ဂျိုရှုအာပါ လဲပြိုကျလာသဖြင့် သူ၏နောက်စေ့က ကြမ်းပြင်နှင့် ဆောင့်မိသွားပြီး ချန်ကျစ်ချူးခမျာ မူးဝေနေတော့သည်။ အမြင်အာလုံးလည်း ဗလာကျင်းလုမတတ် ဖြစ်သွားရရှာသည်။

မလုပ်ပါနဲ့…

အောက်စီဂျင်ပြတ်လပ်မှုကြောင့် ချန်ကျစ်ချူး၏ အမြင်အာရုံ အမှောင်လွှမ်းလာပြီး ပါးစပ်ဖွင့်ကာ အသည်းအသန် အသက်လုရှုနေရလေသည်။ ခြေထောက်များဖြင့် ကန်ကျောက်ရင်း လက်ကလည်း ဂျိုရှုအာ၏ လက်ကောက်ဝတ်ကို အတင်းတွန်းဖယ်ကာ ရုန်းကန်နေခဲ့၏။ သို့တိုင် ဂျိုရှုအာ၏လက်က သံချောင်းများဖြင့် ဖွဲ့စည်းထားသလို လက်ကောက်ဝတ်ပေါ် ဆုပ်ကိုင်ထားချိန်မှာပင် အေးစက်မာကျောသော အထိအတွေ့ကို ခံစားနေရသည်။ ဘယ်လောက်ပင် အားထုတ်ရုန်းကန်ပါစေ၊ တုတ်တုတ်မလှုပ်ပါချေ။

“လိမ္မာပါကွာ..ဒါလေး သည်းခံပြီးရင် မနာတော့ဘူးနော်..”

တဖြည်းဖြည်းချင်း အသိစိတ်ဝေဝါးလာသလို ခံစားလိုက်ရပြီး ဂျိုရှုအာ၏ အသံကိုလည်း ခပ်တိုးတိုးသာ ကြားနိုင်တော့သည်။ ပြန်လည်ခုခံနေသင့်မှန်း သူသိသော်ငြား အသိစိတ်ဝေဝါးလာသည်နှင့်အမျှ သူ၏ရုန်းကန်မှုလည်း အားနည်းသည်ထက် အားနည်းလာရသည်။ ဂျိုရှုအာ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော သူ၏လက်က တဖြည်းဖြည်း လျောကျလာပြီး ဘေးသို့ ပြုတ်ကျသွားတော့သည်။

ကြည့်ရတာ ဒီနေရာမှာတင် သေရတော့မယ်ထင်တယ်..!

[ငါ့ဖင်ကြီးပဲ သေနေလိုက်..!]

ချန်ကျစ်ချူး၏ စိတ်အာရုံထဲတွင် စိတ်ဆိုးမာန်ဆိုး အော်ဟစ်သံတစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။ Instance ထဲ ဝင်လာပြီးကတည်းက အသိပေးချက်များ Auto ပေးပို့သည်မှလွဲ၍ တစ်ချိန်လုံး တိတ်ဆိတ်နေသော System သည် ရုတ်ချည်း အသက်ဝင်လာပြီး ချန်ကျစ်ချူးအား စတင်အော်ငေါက်တော့သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now