50 - Ghost School (4)

3.1K 549 30
                                    

Unicode

အခန်း - (၅၀) : သရဲကျောင်းတော် (၄)

နှုတ်ခမ်းထက်မှ နူးညံ့နွေးထွေးသော အထိအတွေ့နှင့်အတူ ပိုင်ရိ၏ ချောမောခန့်ညားသော မျက်နှာကို အနီးကပ် မြင်လိုက်ရသည်။ အကွာအဝေးက အလွန်နီးကပ်နေသော်လည်း ထိုအမျိုးသား၏ ပြီးပြည့်စုံလွန်းသော မျက်နှာပေါ်တွင် ပြစ်ချက်ဟူ၍ လုံးဝရှာမတွေ့ပေ။ ထိုမြင်ကွင်းက ချန်ကျစ်ချူးအား ထိန်းချုပ်မရအောင် ရင်ခုန်သံမြန်လာစေသည်။

တစ်ခဏမိန်းမောနေပြီးမှ ချန်ကျစ်ချူးလည်း သတိပြန်ကပ်သွားသည်။ ဘေးပတ်ပတ်လည်မှ စနောက်ရယ်မောနေသံများ၊ လေချွန်သံများကို ကြားလိုက်ရသဖြင့် သူ၏ မျက်နှာတစ်ပြင်လုံး နီရဲတက်လာပြီး ပိုင်ရိအား တွန်းဖယ်ရန် ကြိုးစားလိုက်သည်။ သို့သော် ပိုင်ရိက သူ၏လက်ကို ဖမ်းဆုပ်ကာ မြတ်မြတ်နိုးနိုး ငေးစိုက်ကြည့်ရင်း သူ၏လက်ချောင်းများပေါ်သို့ ထပ်မံအနမ်းခြွေလိုက်သည်။

“………..”

ချန်ကျစ်ချူးခမျာ ငုတ်တုတ်မေ့သွားလေ၏။ အနမ်းခံလိုက်ရသည့် နေရာက လောင်ကျွမ်းလာသလိုလို… နှလုံးခုန်သံကလည်း ပေါက်ကွဲထွက်လုမတတ် ကျယ်လောင်လာသည်။ သူ၏မျက်နှာက နီရဲတွတ်နေပြီး ပိုင်ရိကို မကြည့်ရဲတော့သဖြင့် ကပျာကယာ ခေါင်းငုံ့လိုက်မိသည်။

သူ၏စိတ်ထဲ ဝရုန်းသုန်းကား ဖြစ်နေလေပြီ။ အတွေးထဲတွင် ရုတ်တရက်ဆန်သော ထိုအနမ်း၊ သူ၏လက်ဖမိုးကို နမ်းနေစဉ် ပိုင်ရိ၏ မျက်ဝန်းအကြည့်.. စသည်တို့သာ စိုးမိုးသွားသည်။ နူးညံ့သလောက် ညှို့ဓာတ်ပြင်းလွန်းသော ထိုအကြည့်ကို မည်သူ တောင့်ခံနိုင်မည်နည်း။

ထိုတဒင်္ဂ ပိုင်ရိဟာ တကယ်ကို ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုရှိကြောင်း ချန်ကျစ်ချူး လက်ခံသွားလေ၏။ သူသာ မိန်းကလေး၊ သို့တည်းမဟုတ် လိင်တူကြိုက်သူဖြစ်နေလျှင် ပိုင်ရိကို စွဲစွဲလမ်းလမ်း ချစ်မိသွားမှာ ကြောက်ရသည်။

သို့တိုင် အမြဲတစေ အခိုင်အမာပြောရဲခဲ့သော သူ၏ လိင်စိတ်တိမ်းညွှတ်မှုက အနည်းငယ် ယိုင်နဲ့လာသယောင်။ ပိုင်ရိ၏ အနမ်းကြောင့် စိတ်မသက်မသာဖြစ်ရမည့်အစား ရင်ခုန်စိတ်လှုပ်ရှားနေမိကြောင်း သူ့ကိုယ်သူ သတိထားလာမိသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now