49 - Ghost School (3)

3.4K 609 118
                                    

Unicode

အခန်း -(၄၉) : သရဲကျောင်းတော် (၃)

ဒေါသလည်းထွက်၊ ရှက်လည်းရှက်သဖြင့် ချန်ကျစ်ချူးမှာ ရှေ့နောက်မတွေးဘဲ ဝက်ဝံရုပ်လေးနှင့် ရန်ချန်ဖန်းကို အော်ချပစ်လိုက်၏။ ပြီးမှ သူ့ကို ဝိုင်းကြည့်နေသော ဝက်ဝံတစ်ရုပ်၊ လူသုံးယောက်ကို သတိထားမိပြီး မျက်နှာတစ်ပြင်လုံး နီရဲတက်လာကာ ရှက်ကိုးရှက်ကန်းဖြင့် အကြည့်လွှဲလိုက်မိသည်။

ကလေးတွေ၊ ဝက်ဝံရုပ်တွေနဲ့ အပြိုင်မငြင်းသင့်မှန်း သိနေပေမယ့် သူတို့ပြောနေတာ အဓိပ္ပါယ်မှမရှိတာ။ ဘာကိုမာမီ၊ ဘာကို အန်တီလဲ..? ဖာခ့်... ဒီဟာလေးတွေ သူက ယောက်ျားလေးဆိုတာ သတိရသေးရဲ့လား..?!!

အဲတာကြောင့် သူလည်း စိတ်မထိန်းနိုင်တော့ဘဲ ကလေးတွေကို ခြိမ်းခြောက်ဖို့ ကြိုးစားလိုက်တာ။ အခုတော့ အပြစ်ကင်းတဲ့ ပိုင်ရိကိုပါ ဆွဲသွင်းလိုက်မိပြီ။ ကုကျန်းကတော့.. သူ့ဘာသာ တွေးချင်ရာတွေး၊ ဘယ်သူဂရုစိုက်လို့လဲ..? ဒီလိုပြောလို့ သူ့ကို စိတ်ဆိုးသွားရင် ပိုတောင်ကြိုက်သေးတယ်..!

သို့သော် သူ ထိုသို့ပြောလိုက်ပြီးနောက် အကုန်လုံး အသံတိတ်သွားလေသည်။ ဝက်ဝံရုပ်လေးက သူ့အပြစ်သူသိဟန်ဖြင့် ချန်ကျစ်ချူး၏ ခြေထောက်ပေါ် ကုတ်တက်ပြီး အိတ်ကပ်ထဲ ပြန်ဝင်သွားသည်။

ရန်ချန်ဖန်းလည်း ဦးထုပ်ကို အောက်စိုက်ကာ ခေါင်းငုံ့သွားပြီး ဘာမှထပ်မပြောတော့ချေ။ ဝက်ဝံရုပ်တစ်ရုပ်နှင့် အပြိုင်ငြင်းခုံတာ မည်မျှကလေးဆန်မှန်း သဘောပေါက်သွားပုံရသည်။

ရုတ်ချည်းဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ထိုအချိန်မှာပင် Instance မိတ်ဆက် စတင်လာသည်။ ချန်ကျစ်ချူးမှာ အသံတိတ်လေး သက်ပြင်းချလိုက်မိ၏။ ယခင်တစ်ခေါက် ကျီယွင်ရှောင်ရှေ့မှာလည်း ယခုလို ဖြစ်ခဲ့ဖူးသည်။ Instance မိတ်ဆက်က တကယ့်ကို အချိန်ကိုက်ပေါ်လာတတ်ပေသည်။

[ ဒီနေ့ မင်းတို့အဖွဲ့က အထူးတလည်စီစဉ်ထားတဲ့ ပြန်လည်တွေ့ဆုံပွဲတစ်ခုကို တက်ရောက်ရမှာ ဖြစ်ပါတယ်။ ]

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now