44 - Horror Variety (9)

2.9K 600 59
                                    

Unicode

အပိုင်း - (၄၄) : Horror Variety (9)

ချန်ကျစ်ချူးသည် ထိုနေရာတွင် အတော်ကြာအောင် ခြေစုံရပ်နေမိရင်း သူဘာမှားသွားသလဲ အတွေးဝင်လာမိ၏။

သရဲကြောက်ရမှာက သူလေ၊ အခု သရဲက သူ့ကိုပြန်ကြောက်ပြီး ထွက်ပြေးသွားတာလား..? ကြောက်စရာကောင်းတာတစ်ခုခု ပြောလိုက်မိလို့လား.? သရဲက သူ့ကို ချစ်တယ်ဆိုပြီးပြောခဲ့တာ သေချာပါတယ်၊ စလာကတည်းက ‘ချစ်တယ်’ဆိုတဲ့ သွေးစာလုံးတွေ နံရံအပြည့်ရေးပြီးတောင် လွန်လွန်ကဲကဲ ကြေညာခဲ့သေးတာကို။ ဒါပေမဲ့ ထွက်လာဖို့ပြောတော့ ငကြောက်တစ်ကောင်လို ပုန်းအောင်းနေပြန်တယ်..!

… ဧကန္တ အရမ်းရုပ်ဆိုးလွန်းလို့ သိမ်ငယ်ပြီး ပေါ်မလာရဲတာများလား..?

ချန်ကျစ်ချူးက မေးစေ့ပွတ်လိုက်ရင်း ထိုအတွေးက ဖြစ်နိုင်သည်ဟု ခံစားလာရသည်။ သို့နှင့် အသံမြှင့်ကာ ထပ်ပြောသည်။ : “မင်းဘယ်လိုပုံစံလဲဆိုတာ ငါ ဂရုမစိုက်ပါဘူး.. ဒီအတိုင်း မြင်ဖူးချင်လို့ပါ..”

တုံ့ပြန်မှုမရှိ။

“ဒီလိုဆိုရင်ရော..?” ချန်ကျစ်ချူးက ကော်ဖီစားပွဲပေါ်မှ ပိတ်စတစ်ထည် ကောက်ယူပြီး မျက်လုံးစည်းလိုက်သည်။ : “အခု ငါ ဘာမှမမြင်ရတော့ဘူး.. မင်းရဲ့မျက်နှာကို မြင်ရမှာမဟုတ်ဘူး.. အဲတာကြောင့် ထွက်လာလို့ရပြီလား..?”

အတော်ကြာအောင် စောင့်နေခဲ့သော်လည်း သူ၏ဘေးပတ်ပတ်လည်တွင် တိတ်ဆိတ်ငြိမ်သက်နေဆဲ။ ထို့ကြောင့် မျက်လုံးအကာကို ပင့်တင်ပြီး နံရံနှင့်ကြမ်းပြင်ပေါ်တွင် သွေးစာလုံးများရှိနေမလား စစ်ကြည့်လိုက်သည်။ သို့သော် ဘာမှမတွေ့ရချေ။ သူဘာပြောပြော သရဲက သူ့ကို ငြင်းဆန်နေမယ်ဆိုတာ သိသာနေတော့သည်။

တော်လိုက်တော့..!

ချန်ကျစ်ချူးလည်း စိတ်ဓာတ်ကျသွားပြီး သရဲထွက်လာရန် မျှော်လင့်မနေတော့ပေ။ လွယ်အိတ်ထဲမှ ဝက်ဝံရုပ်လေးကို ခေါ်ထုတ်ကာ လက်ထဲကိုင်ထားလိုက်သည်။ ပြီးနောက် ၎င်း၏နှာခေါင်းထိပ်ကို ညွှန်ပြရင်း.. : “ထင်းရှူးသီးလေး.. ငါ့ကို ကူညီပေးပါဦး.. ဒီနေရာမှာ သရဲအနံ့ခံလို့ရလား..? ရှာစရာလေးရှိလို့..”

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now