71 - Ghost's Bride (7)

2.7K 555 11
                                    

Unicode

အခန်း - (၇၁) : တစ္ဆေသတို့သမီး (၇)

မြေကြီးထဲမှပေါ်လာသည့် အရိုးဖြူဖြူများနှင့် ထွေလိမ်နေသော အနက်ရောင်တိပ်များကို မြင်လိုက်ရသည့်အခိုက် ချန်ကျစ်ချူး၏ စိတ်ထဲ ယခင် Instance ၏ Boss ကို ပြန်တွေးမိသွား၏။ ဤ Instance က ယခင် Instance ၏ အဆက်များလား ဟူ၍ပင် အတွေးဝင်လာသည်။

တကယ်တော့ ယခင်တစ်ခေါက်က ကိစ္စတော်တော်များများကို အဖြေမရှာနိုင်ခဲ့ပေ။ ဥပမာဆိုရလျှင် တစ်ကိုယ်လုံး တိပ်ပတ်ထားသည့် Boss ၏နာမည်အရင်း၊ သူ့ကို ဘယ်သူသတ်ခဲ့သလဲ၊ ကျိုးလော့ချန်က ဘာကြောင့် ကိုယ့်ကိုယ်ကို သတ်သေခဲ့သလဲ.. စသဖြင့်။

သို့သော် ချန်ကျစ်ချူးသည် Instance အဆုံးသတ်ချိန်တွင် အနှီထူးဆန်းမှုများကို များများစားစား ဆက်မတွေးဖြစ်ခဲ့။ သူ့အတွက်တော့ အသက်ရှင်နိုင်ရေးနှင့် Instance ကို ရှင်းလင်းရေးက ပိုအရေးကြီးသည်။ လျှို့ဝှက်ဆန်းကြယ်မှုများကို ဖော်ထုတ်သည့်ကိစ္စက သူကျွမ်းကျင်သည့် အလုပ်မဟုတ်သလို အာရုံစိုက်သင့်သည့်ကိစ္စလည်း မဟုတ်ပေ။

ထို့အပြင် သူ၏စိတ်ထဲ Instance မှဖန်တီးထားသည့် အတုအယောင်ဇာတ်ကြောင်းသာဖြစ်ပြီး လက်တွေ့ဘဝနှင့် ဘာမှမသက်ဆိုင်ဟု ထင်ထားခဲ့သည်။ အကယ်၍ ကမ္ဘာအစစ်အမှန်၌ ထိုသို့ဖြစ်ပျက်ခဲ့လျှင် ကျိုးလော့ချန်၏ ပြစ်မှုများကို လူအများ သိနေသင့်ချေပြီ။ ပိုင်ရိနှင့် ပိုင်ရှီရှင်းလည်း သူ့ကို မှတ်မိနေသင့်သည်။ သို့သော် စတွေ့စဉ်က သူတို့၏အပြုအမူကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်လုံး သူ့ကို မတွေ့ဖူးမှန်း သိသာနေတော့သည်။

သူကိုယ်တိုင်ကလည်း C မြို့နှင့်ပတ်သက်ပြီး အမှတ်တရမရှိသဖြင့် ထိုနေရာသို့ ယခင်က မရောက်ဖူးကြောင်း သေချာနေသည်။ သို့နှင့် Reality Instance သည် လူသားများ၏ အချက်အလက်ကို ငှားရမ်းပြီး ထိုမှတဆင့် စိတ်ကူးယဉ်ဖန်တီးထားသည့် ဇာတ်ကြောင်းဟူ၍သာ ကောက်ချက်ချခဲ့မိသည်။

သို့သော် လက်ရှိ Instance ထဲ ယခင်ဇာတ်ကြောင်း ပြန်ပါလာသောအခါ… ခြံဝင်းထဲမှ ယခင် Boss ၏အရိုးများကို တူးဖော်မိခဲ့ပြီး သတို့သားနှင့် အတိုင်းအတာတစ်ခုအထိ ပတ်သက်နေနိုင်သော နောက်ထပ်လျှို့ဝှက်ချက်များပါ ထပ်မံသိရှိခဲ့ရသည်။ ယခုတော့ ထိုလျှို့ဝှက်ချက်များကို မဖော်ထုတ်နိုင်ရုံသာမက သတို့သား၏ ဦးခေါင်းကိုပင် ရှာမတွေ့ခဲ့ချေ။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now