62 - Ghost School (16)

2.6K 594 26
                                    

Unicode

အခန်း - (၆၂) : သရဲကျောင်းတော် (၁၆)

ပိုင်ရိက တတွတ်တွတ် နာမည်ခေါ်နေသော်လည်း ချန်ကျစ်ချူးသည် ငူငူငိုင်ငိုင် မတ်တပ်ရပ်နေပြီး မိန်းမောနေသကဲ့သို့ ပိုင်ရိ ဘယ်လောက်ခေါ်ခေါ် တုံ့ပြန်မှုမရှိခဲ့ပေ။

“ဂျူနီယာချန် ဘာဖြစ်တာလဲ..?” ကျောက်ရှောင်ဖန်က တံတွေးမြိုချရင်း ကြောက်လန့်တကြား မေးလာသည်။ ပြီးနောက် အသံငယ်လေးဖြင့် ချွီယန်ကို လှမ်းပြောသည်။ : “သူ စိတ်ဆိုးပြီး ငါတို့နဲ့ စကားမပြောချင်တော့တာများလား..?”

“အဲ့လိုဖြစ်တာမှ ပိုကောင်းဦးမယ်.. အခု သူ့ပုံစံက စိတ်ဆိုးနေတဲ့ပုံ ပေါက်လို့လား..?”

ချွီယန်၏ မျက်နှာအမူအရာက စိုးရိမ်စိတ်နှင့် အကြောက်တရားတို့ ရောယှက်နေသည်။ : “အိပ်မက်ယောင်ပြီး လမ်းလျှောက်နေသလိုပဲ.. ခုနက အဆင်ပြေပါသေးတယ်.. ဟိုသရဲတွေ ထွက်သွားမှ ဖြစ်သွားတာဆိုတော့ သရဲမက သူ့ရဲ့ဝိဉာဉ်ကို ယူသွားတာများလား..?”

ကုကျန်းက တည်တည်ငြိမ်ငြိမ်ဖြင့် လူပုံစံညှပ်ထားသော အနက်ရောင်စာရွက်လေးတစ်ခုကို ခပ်မြန်မြန် ထုတ်လိုက်၏။ စာရွက်လူသားက ကြမ်းပြင်ပေါ်တွင် မျောလွင့်နေပြီး ချန်ကျစ်ချူး၏ ခြေထောက်ပေါ် ရောက်သွားပြီးနောက် တစ်ပတ်ပြန်လည်၍ ကုကျန်း၏လက်ထဲ ပြန်ရောက်လာသည်။ ကြည့်လိုက်သောအခါ ထိုစာရွက်လူသား၏ ရင်ဘတ်တွင် သွေးစွန်းကွက်တစ်ခု ရှိနေသည်။ တစ်ခုခုမူမမှန်တာ သေချာချေပြီ။

ချန်ကျစ်ချူးကို သရဲက ထိန်းချုပ်နေတာဖြစ်နိုင်သလို ဝင်ပူးထားတာ၊ သို့တည်းမဟုတ် ဝိဉာဉ်နှင့်ခန္ဓာကွဲနေတာလည်း ဖြစ်နိုင်သည်။

ကုကျန်း၏ လက်ချောင်းများ တင်းကျပ်သွားပြီး စာရွက်လူသားကို လုံးခြေပစ်လိုက်သည်။

“……….”

ပိုင်ရိက လက်မြှောက်ပြီး ချန်ကျစ်ချူး၏ မျက်နှာလေးကို အသာပွတ်သပ်လိုက်သည်။ သူ၏ မျက်ဝန်းများက မည်းမှောင်နေပြီး လူသတ်ငွေ့တို့ လွှင့်ထုတ်နေလေသည်။ ထိုအခိုက် ချန်ကျစ်ချူး၏ နားကြားကိရိယာက ရုတ်တရက် အောက်ပြုတ်ကျကာ အသံတချို့ ထွက်ပေါ်လာသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now