66 - Ghost's Bride (2)

3.2K 567 69
                                    

Unicode

အခန်း - (၆၆) : တစ္ဆေသတို့သမီး (၂)

နေစမ်းပါဦး..! System က ဘာပြောလိုက်တယ်..? ဒီမင်္ဂလာဂါဝန်ကြီး ဝတ်ရမယ်လို့ ပြောနေတာလား..? ဒါကြီးကို မဖြစ်မနေ ဝတ်ရမှာလား..?

ချန်ကျစ်ချူးခမျာ ဂါဝန်ကြီး တကိုင်ကိုင်ဖြင့် အူကြောင်ကြောင် ဖြစ်နေရှာ၏။ ဦးနှောက်ချောင်ပြီး System ပြောတာကို နားကြားလွဲလေသလားပင် လျှောက်တွေးနေမိသည်။

[ နားကြားလွဲတာမဟုတ်ဘူး.. ကျိန်းသေပေါက် ဝတ်ရမှာ.. မင်းပေါက်ထားတဲ့ အင်္ကျီကို မင်းဝတ်ရမှာပေါ့.. အဲတာ ဘာထူးဆန်းလို့လဲ..? မဝတ်ဘဲ ဘယ်လိုသုံးမှာလဲ..? ]

System က အချက်ကျကျ ပြောလာသည်။ ချန်ကျစ်ချူးက မယုံကြည်နိုင်သည့် မျက်နှာဖြင့် မထိန်းနိုင်အောင် အော်ဟစ်လိုက်သည်။

"ဘာကို မထူးဆန်းရမှာလဲ..? ထူးဆန်းနေတာ အသိသာကြီးကို..! ငါက ယောက်ျားလေးလေ.. ဘာလို့ မိန်းကလေးတွေ မင်္ဂလာဆောင်ရင်ဝတ်တဲ့ ဂါဝန်ကြီးကို ဝတ်ရမှာလဲ..? အဲ့တာကြီးနဲ့ Winter Branch လက်ထဲကနေ ဘယ်လိုထွက်ပြေးရမှာလဲ..?"

ထိုသို့ပြောနေရင်း မျက်နှာပျက်သွားပြီး.. : "မင်း ငါ့ကို သူနဲ့ လက်ထပ်ခိုင်းမလို့တော့ မဟုတ်ပါဘူးနော်..?!"

[ မဟုတ်ပါဘူး.. ] System က ပြောသည်။ [ ဒီတစ်ခေါက် မင်း လက်ထပ်ရမယ့်လူက တခြားတစ်ယောက်ပါ.. ]

ချန်ကျစ်ချူး : "..........."

ချန်ကျစ်ချူး : "မင်းဘာပြောလိုက်တယ်..?"

[ ဟိုတစ်ခေါက်ကရခဲ့တဲ့ ငွေလက်စွပ်ကို မှတ်မိသေးလား..? အဲ့လက်စွပ်ပိုင်ရှင်နဲ့ မင်္ဂလာဆောင်ရမှာ.. ]

System က ဖြည်းဖြည်းချင်း ရှင်းပြသည်။

[ ငါမင်းကို မပြောရသေးတာရှိတယ်.. တကယ်တော့ သွေးစွန်းလက်စွပ်က Instance တစ်ခုကို အသက်သွင်းနိုင်တဲ့ သော့ပဲ.. သတို့သားက မင်းစုဆောင်းဖို့လိုတဲ့ Boss တွေထဲက တစ်ယောက်ဆိုတော့ အဲ့ Instance ကို အခုမရှင်းလည်း နောက်ရှင်းရမှာ.. ဘယ်အချိန်၊ ဘယ်နေရာမှာ Instance ကို အသက်သွင်းမလဲပဲ ကွာသွားတာပေါ့.. ]

[ Winter Branch ရဲ့ တည်ရှိမှုက နည်းနည်းထူးဆန်းတယ်.. သူလည်း မင်းစုဆောင်းရမယ့် Boss ဖြစ်နိုင်တယ်.. ဒါပေမဲ့ Instance ထဲကမဟုတ်ဘူး.. Photobook ထဲမှာလည်း သိမ်းမရတာ ဘာလို့လဲမသိဘူး.. ]

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now