20 - Abandoned Hospital (4)

3.9K 702 39
                                    

Unicode

*တစ်ခုခုစားနေစဉ် ဤအပိုင်းကို မဖတ်ပါနှင့်*

…………….

အပိုင်း - (၂၀) : စွန့်ပစ်ဆေးရုံ (4)

ဘယ်ကထွက်လာတဲ့ အသံလဲ..?

သူ့နာမည်ကို ခေါ်နေသော ထူးခြားဆန်းကြယ်သည့် အသံကြောင့် ချန်ကျစ်ချူးမှာ ထိတ်လန့်လာရသည်။ ပတ်ဝန်းကျင်ကို သတိကြီးကြီး လှည့်ကြည့်လိုက်သော်လည်း အမှောင်ထုသာ တွေ့လိုက်ရ၏။

ချန်ကျစ်ချူးသည် သေသေချာချာ နားထောင်လိုသော်လည်း အသံက မြန်လွန်းနေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှဟာ သူ၏ စိတ်ကူးအိပ်မက်သဖွယ်…

သူ့မှတ်ဉာဏ်ထဲက တစ်ယောက်နဲ့ အသံတူသလိုပဲ..! နားကြားမှားတာလား..? ဒါမှမဟုတ် သူတစ်ယောက်တည်း ကြားနေရတာများလား..?

ချန်ကျစ်ချူးမှာ စိတ်မသက်မသာဖြစ်လာသည်။ တခြားလူများ၏ အမူအရာကို အကဲခတ်လိုက်သော်လည်း ထူးထူးခြားခြား ပြောင်းလဲမှုမရှိတာကို မြင်လိုက်ရ၏။ ထိုအသံကို သူတစ်ဦးတည်းသာ ကြားနေရမှန်း ရှင်းလင်းသွားချေပြီ။

သူ့‘မှတ်ဉာဏ်’အရဆို ဒေါက်တာလော့ရဲ့ အသံနဲ့လည်း မတူဘူး။ အဲ့တာဆို ဘယ်သူ့အသံလဲ..? မပြောတတ်တော့ဘူး။ အသံနဲ့ ခြောက်လှန့်ချင်နေတာများလား..? သူ့ရဲ့ လက်ရှိဇာတ်ကောင်အရဆို မဖြစ်နိုင်တာတော့ မဟုတ်ဘူးပဲ..!

ချန်ကျစ်ချူးက တစ်ခဏ အချိန်ယူကာ တွေးကြည့်ခဲ့သော်လည်း နောက်တော့ လက်လျော့လိုက်ရသည်။ မည်သို့ဆိုစေ သူ၏ တာဝန်အရ ထိုအသံက အစစ်လား၊ အတုလားဆိုတာ စစ်ဆေးကြည့်ရလိမ့်မည်။ အလွယ်တကူ ခန့်မှန်းနိုင်မည့် ကိစ္စဆိုလျှင် အပိုဆောင်းတာဝန်အနေဖြင့် လုပ်ခိုင်းစရာ အကြောင်းမရှိပေ။

ချန်ကျစ်ချူးလည်း သေဆုံးသွားသည့် လော့ကျဲဟာ သူ၏ တာဝန်ခံဆရာဝန်ဖြစ်ကြောင်း၊ ထို့အပြင် သူ့ကို လှမ်းခေါ်နေတတ်သည့် အသံတစ်ခုကိုလည်း ကြားနေရကြောင်း၊ ထိုအသံက အစစ်ဟုတ်မဟုတ် သူကိုယ်တိုင်လည်း မသေချာသေးကြောင်း၊ တခြားလူများကို ပြောပြလိုက်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Tempat cerita menjadi hidup. Temukan sekarang