84 - Out of Control Photobook (3)

2.6K 523 52
                                    

Unicode

အခန်း - (၈၄) : အထိန်းအချုပ်မဲ့ Photobook (၃)

ဆုလင်းသည် ဧည့်ခန်းထဲသို့ ပြေးဝင်သွားပြီး သူ့အား ကျောပေးထားသည့် ပိုင်ရိ၏ ကျောပြင်ကို ဓားထက်ထက်ဖြင့် ထိုးစိုက်လိုက်၏။ သို့သော် ဓားဦးက ပိုင်ရိ၏ခန္ဓာကိုယ်နှင့် ထိလုဆဲဆဲအချိန်တွင် ပိုင်ရိသည် ရုတ်တရက် လှည့်လာပြီး ဆုလင်း၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ ရပ်တန့်စေခဲ့သည်။

ဆုလင်း မည်သို့ရုန်းကန်ပါစေ၊ လက်ထဲကိုင်ထားသည့် ဓားကို ရှေ့ဆက်မတိုးနိုင်ခဲ့ပေ။ ပိုင်ရိက ဆုလင်းကို အေးစက်စက် စိုက်ကြည့်ပြီး တခြားလက်တစ်ဖက်ဖြင့် ဓားကို ထိလိုက်သည်။ ဓားက ချက်ချင်း အရောင်တောက်လာပြီး ပျောက်ကွယ်သွားတော့သည်။

“……….”

လူငယ်လေး၏ ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်နေသည်။ မျက်ဝန်းများက နီရဲနေပြီး နာကျည်းမုန်းတီးမှုအပြည့်။ သူက အက်ကွဲဆို့နင့်စွာ ပြောလာသည်။ : “ဘာလို့ မင်းနဲ့ တစ်ယောက်တည်း ဖြစ်နေရတာလဲ…”

ပိုင်ရိ၏ မျက်နှာက အပြောင်းအလဲမရှိ၊ ခံစားချက်မဲ့နေဆဲ။ ပိုင်ရှီရှင်းကတော့ တော်တော်လေး ဒေါသထွက်သွားသည်။ ဆုလင်းကို သရဲမှန်း သတိမထားမိဘဲ သူ၏ဝမ်းကွဲကို လုပ်ကြံချင်နေသည့်၊ ဘယ်ကမှန်းမသိသည့် ကောင်ငယ်လေးဟု ထင်သွားသည်။

ပိုင်ရှီရှင်းက ဖုန်းထုတ်ကာ ရဲတိုင်ရန်ပြင်သည်။ သို့သော် ဆုလင်း၏ပုံစံက အလွန်ဖြူဖျော့နေပြီး ခြေလက်များက အတန်ငယ် ဖောက်ထွင်းမြင်နေရကြောင်း သတိထားမိသွားသဖြင့် လှုပ်ရှားမှုရပ်သွား၏။ ဤကောင်လေးဟာ လူသားတစ်ယောက်မဟုတ်မှန်း ချက်ချင်းဆိုသလို နားလည်လိုက်သည်။

ဘယ်လိုဖြစ်လို့ နောက်သရဲတစ်ကောင် ရောက်လာပြန်တာလဲ..?

ပိုင်ရှီရှင်းမှာ ထိတ်လန့်သွားပြီး ဆုလင်းအား သတိကြီးကြီးထား၍ စိုက်ကြည့်လိုက်သည်။ ပြီးနောက် အပေါ်ထပ်ရှိ ချန်ကျစ်ချူးကို အော်ခေါ်လေသည်။

ဘာတွေဖြစ်နေမှန်း မသိတော့ဘူး။ ဘာလို့ ဒီအိမ်ထဲမှာ သရဲတွေတစ်ကောင်ပြီးတစ်ကောင် ပေါ်လာရတာလဲ..? ဒီကောင်လေးကြည့်ရတာ သူ့အစ်ကိုကို တော်တော်လေး မုန်းနေတဲ့ပုံပဲ။ ဧကန္တ.. သရဲတွေအားလုံး သူ့ဝမ်းကွဲအစ်ကိုဆီ လာတာများလား..?

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now