3 - Midnight Mansion (1)

8.1K 980 48
                                    

Unicode

အခန်း - (၃) : သန်းခေါင်ယံစံအိမ် (၁)

ချန်ကျစ်ချူးတစ်ယောက် မူးနောက်နောက်ဖြင့် မျက်လုံးဖွင့်လိုက်ချိန်ဝယ် သူ၏ Keyboard ပေါ် မှောက်လျက် အိပ်နေမိသည်ကို တွေ့လိုက်ရသည်။ ကီးဘုတ်ခလုတ်များကို သူ၏မျက်နှာဖြင့် ဖိထားမိ​သောကြောင့် Screen ပေါ်မှ ဂိမ်းဇာတ်ကောင်သည် ကိုးရိုးကားယား လျှောက်ပြေးနေလေ၏။ တစ်စက္ကန့်ပင်မကြာလိုက်၊ အခန်းဖော်များ၏ အချည်းနှီး အော်ဟစ်သတိပေးမှုအောက်တွင် သူ၏ ဂိမ်းဇာတ်ကောင်လေးသည် ချောက်ထဲကျကာ သေသွားတော့သည်။

"ချန်ဇီ.. မင်းဘာလုပ်နေတာလဲ..?"

အခန်းဖော်သုံးယောက်သည် ဂိမ်းဇာတ်ကောင်၏ ထူးဆန်းသော အပြုအမူများကြောင့် သူ့အား နားမလည်နိုင်စွာ လှည့်ကြည့်လာကြသည်။ ချန်ကျစ်ချူးခမျာ စက္ကန့်အနည်းငယ်ခန့် ငေးကြောင်နေပြီးမှ အမြဲလိုလို စိတ်အနှောင့်အယှက်ဖြစ်ရသော သူ၏အခန်းဖော်များကို ဘာကြောင့်ရယ်မသိ အတော်လေး ချစ်စရာကောင်းနေသလို ခံစားလိုက်ရသဖြင့် မျက်ရည်အရွဲသားဖြင့် ပြေးဖက်မိလုမတတ်။

ဟုတ်သားပဲ။ သူ ဒီအရှုပ်ထုပ်တွေနဲ့ ဂိမ်းကစားနေတာပါ။ ကစားရင်း အိပ်ပျော်သွားပြီး ပေါက်ကရအိပ်မက်တွေ လျှောက်မက်နေတာဖြစ်မယ်။ ဘာ 'Infinite Escape Game' လဲ..? ဘာ System လဲ..? ဘယ်က စိတ္တဇအရူးကောင်လဲ..? တကယ်ရှိတာမှမဟုတ်တာ။ အကုန်လုံးက အိပ်မက်သပ်သပ်ပဲ..!

[ပြန်မှတ်မိသွားအောင် မင်းနဲ့ချန်ကျိ နမ်းနေတဲ့ဗီဒီယိုလေး ပြန်ဖွင့်ပြရမလား..?]

သို့သော် နောက်တစ်စက္ကန့်မှာပင် ချန်ကျစ်ချူး၏ စိတ်ထဲ System K29 ၏အသံကြီး ရုတ်တရက် ပေါ်ထွက်လာကာ သူ၏ စိတ်ကူးယဉ်အိပ်မက်လေးကို ရက်ရက်စက်စက် ရိုက်ခွဲပစ်လိုက်၏။ System ပြောလိုက်သည့် စကားကြောင့် ချန်ကျစ်ချူးမှာ သွေးအန်လုမတတ် ဖြစ်သွားရသည်။

ဒီအကောင်မှာ ဘာကိစ္စ အဲ့လိုဗီဒီယိုမျိုး ရှိနေရတာလဲ..?

ချန်ကျစ်ချူးလည်း အခန်းထဲတွင် ဆက်မထိုင်နိုင်တော့ပေ။ အခန်းပြင် ပြေးထွက်သွားပြီး လူသူကင်းမဲ့သည့် ထောင့်လေးတစ်ထောင့်တွင် ထိုင်ချလိုက်သည်။ ပြီးနောက် System ကို မေးလိုက်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now