76 - Ghost's Bride (12)

2.6K 565 68
                                    

Unicode

အခန်း - (၇၆) : တစ္ဆေသတို့သမီး (၁၂)

ကိုလူချော၏ ကိုယ်ဟန်အနေအထားက ကြည့်ကောင်းလွန်းစွာ၊ သူ၏ လက်ချောင်းများက ဖြည်းဖြည်းချင်း အောက်ဆင်းသွားပြီး အင်္ကျီကြယ်သီးဖြုတ်နေသည်။ အင်္ကျီဟသွားချိန်တွင် ရင်ဘတ်ကျယ်ကျယ်နှင့် ဆက်ဆီကျပြီး ဆွဲဆောင်မှုရှိသော ခါးလိုင်းက အထင်းသားပေါ်လာသည်။

သူက ချန်ကျစ်ချူးကို ပြုံးထေ့ထေ့ဖြင့် ငုံ့မိုးကြည့်လာသည်။ သူ၏ ဆံပင်နက်နက်များက ဝဲကျနေပြီး မျက်ဝန်းများက ပြင်းပြလွန်းသော အချစ်ရိပ်တို့နှင့်အတူ စူးရှလျက်။ အင်္ကျီချွတ်ပြီးနောက် ချန်ကျစ်ချူး၏လက်ကို ဆွဲယူကာ သူ၏ရင်ဘတ်ပေါ် တင်ပေးသည်။ ထို့နောက် ညှင်းသွဲ့စွာ ပြောလာသည်။

“ခံစားမိလား..?”

လက်ချောင်းထိပ်နှင့် ထိမိလိုက်သည့် အရေပြားက ယခင်လို အေးစက်မနေဘဲ နွေးထွေးနေ၏။ နှလုံးခုန်သံယဲ့ယဲ့ကိုပင် ကြားနေရပြီး သက်ရှိလူသားကဲ့သို့ အသက်ဝင်လှသည်။ တကယ့်ကို အစစ်အတိုင်းပင်။ ချန်ကျစ်ချူးမှာ အံ့ဩသွားရသည်။ ဤအမျိုးသားနှင့် ပိုင်ရိကို မခွဲနိုင်တော့ပေ။

ဘယ်လိုလုပ်….

‘Winter Branch’ က သရဲဆိုတာ အသိသာကြီးကို။ ခုနက လာထိတော့ အေးစက်နေတာပဲ။ အခုကျတော့ ဘာလို့ သူ့ရဲ့ခန္ဓာကိုယ်က လူသားတစ်ယောက်လို နွေးနေတာလဲ..?

ချန်ကျစ်ချူးမှာ ဦးခေါင်းကျိန်းလာသလို ခံစားလိုက်ရသည်။ ထိုလူက သက်ရှိလူသားနှင့်ပိုတူလေ၊ သူ့မှာ ပိုကြောက်လာရလေပင်။

သို့သော် ထိုအကြောက်တရားထဲတွင် တခြားခံစားချက်တချို့ ရောနှောနေတာကိုတော့ သူ ဝန်ခံပါသည်။ သူ၏စိတ်က ထိုအမျိုးသားအပေါ် မထိန်းနိုင်အောင် တိမ်းညွတ်နေမိသည်။

…. အရမ်းတူတာပဲ.. သူသာ ပိုင်ရိ ရှိနေမယ့်နေရာကို မသိထားရင် ‘Winter Branch’ ကို ပိုင်ရိလို့ တကယ်ကြီးထင်မိမှာ..!

‘Winter Branch’ က သူ့ရဲ့မှတ်ဉာဏ်ကိုဖတ်ပြီး ပိုင်ရိကို ကြိုက်နေတဲ့အကြောင်း သိသွားတာလား..? အဲတာကြောင့် ပိုင်ရိရဲ့ အသွင်အပြင်ကို တမင်ယူထားတာများလား..?

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now