47 - Ghost School (1)

3.8K 579 54
                                    

Unicode

အခန်း - (၄၇) : သရဲကျောင်းတော် (1)

ချန်ကျစ်ချူးသည် ပိုင်ရိနှင့် တစ်ခဏစကားပြောပြီးနောက် ဖုန်းဘတ်ထရီ ကုန်ခါနီးပြီဖြစ်၍ စာပို့တာရပ်ပြီး ကျည်ဆန်ရထားဖြင့် သူ၏မြို့သို့ ပြန်လာခဲ့သည်။ ထို့နောက် ကျောင်းသို့ တန်းမသွားဘဲ သူ၏ညီမလေးကို Variety Show အကြောင်း ပြောပြရန်အတွက် အိမ်အရင်ပြန်လိုက်သည်။

တခြားလူများ၏ မှတ်ဉာဏ်ကို System ဘယ်လိုပြောင်းလဲထားသလဲ သူ,မသိသေးသဖြင့် ချန်ကျစ်ချူးမှာ Reality Instance နှင့် ပတ်သက်သမျှကို သိပ်မပြောရဲပေ။ အတော်လေး ပျော်ရွှင်ခဲ့ရကြောင်းသာ ပြောပြီး ချန်ကျစ်ချူးနှင့် စင်ပေါ်တွင် ‘ငါ ဘာကို သရုပ်ဆောင်နေသလဲ..’ ဂိမ်းဆော့ရန် ရွေးချယ်ခံခဲ့ရကြောင်း ပြောပြလိုက်သည်။

ခြေထောက်ပြန်မကောင်းသေးသည့် ချန်လင်းလင်းတစ်ယောက် ချန်ကျစ်ချူးကို အားမကျဘဲ မနေနိုင်တော့ပေ။ ဤအခွင့်အရေးကြီးကို လက်လွှတ်လိုက်ရသည့်အတွက် ပို၍ပင် ဝမ်းနည်းတသဖြစ်လာသည်။ သူမသာ Show ပွဲသို့ သွားနိုင်ခဲ့လျှင် ရှောင်ရှောင်နှင့် ဂိမ်းဆော့ရန် ရွေးချယ်ခံရသူက သူမ ဖြစ်နိုင်ပေသည်။

သို့သော် သူမ Idol နှင့် နီးနီးကပ်ကပ် ဂိမ်းဆော့ခွင့်ရခဲ့သူက သူမ၏အစ်ကိုအရင်းဖြစ်၍ ချန်လင်းလင်းမှာ အလွန်ပျော်မြူးနေတော့၏။ ဘယ်လိုမျိုးဂိမ်းဆော့ခဲ့သလဲ မြင်တွေ့ချင်လွန်း၍ ထို Episode ထုတ်လွှင့်မည့်ရက်ကို စောင့်မျှော်နေမိတော့သည်။

ထို့အပြင် ရက်ပိုင်းအတွင်း အိမ်ကို လက်ဆောင်ရောက်လာမည်ဖြစ်ကြောင်း ကြားလိုက်ရချိန်ဝယ် ချန်လင်းလင်းတစ်ယောက် အသံကုန်အော်ဟစ်ရင်း သူမ၏အစ်ကိုကြီးကို ပွေ့ဖက်ကာ သူမ၏ ‘Lucky Charm’ လေးဟူ၍ တရစပ် ရေရွတ်နေတော့သည်။ ချန်ကျစ်ချူးမှာ ထိုစကားကြောင့် ခါးသက်သက် ပြုံးနေမိသည်။

ဒီကောင်မလေးကတော့ သူ့အစ်ကို ဘယ်လောက်ကံဆိုးခဲ့သလဲဆိုတာ မသိရှာဘူး..!

နေ့လည်စာစားပြီးနောက် ချန်ကျစ်ချူးလည်း ကျောင်းသို့ အမြန်ပြန်ပြေးတော့သည်။ မနက်ဖြန် အတန်းရှိသေးသည်လေ။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now