46

3.1K 551 25
                                    

Unicode

အခန်း - (၄၆)

ကုကျန်းက ပိုင်ရှီရှင်း၏ရှေ့တွင် ‘သူတို့နှစ်ဦးက ချစ်သူတွေပါ’ဟူ၍ ပြောလိုက်သဖြင့် ချန်ကျစ်ချူးမှာ ချက်ချင်း မျက်နှာပျက်သွားပြီး ကုကျန်းအား စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်သည်။ သို့သော် ပြန်ရလိုက်သည်က နူးညံ့ကြင်နာတတ်ဟန် အပြုံးတစ်ခုသာ။

“နောက်ဆုံးတော့ ကိုယ့်ကို လှည့်ကြည့်ပြီပဲ..”

ကုကျန်း၏အကြည့်က နူးညံ့ပျော့ပျောင်းနေပြီး ပါတီပွဲတွင် အနည်းငယ် သောက်စားခဲ့၍ထင်၏၊ နက်ကတိုင် လျော့ရိလျော့ရဲဖြင့် အင်္ကျီက အနည်းငယ် ဖရိုဖရဲဖြစ်နေသည်။ ရှပ်အင်္ကျီအပေါ်ကြယ်သီးကို ဖြုတ်ထားသဖြင့် သူ၏ညှပ်ရိုးက ထင်ရှားပေါ်လွင်နေပြီး ပုံမှန်တည်ကြည်လေးနက်သော ပုံစံနှင့်ယှဉ်လျှင် လက်ရှိပုံစံက sexy ကျသလို တစ်မျိုးတစ်မည် ဆွဲဆောင်မှုရှိနေတော့သည်။

ဖာ့ခ်…

သောက်ရမ်းကြည့်ကောင်းလွန်းသော ထိုလူကိုကြည့်ရင်း ချန်ကျစ်ချူးမှာ အသံတိတ် ဆဲရေးလိုက်မိ၏။ ကိုးရိုးကားရား အကြည့်လွှဲလိုက်ရင်း ပိုင်ရှီရှင်းကို တစ်ချက်ခိုးကြည့်လိုက်သည်။

အစကတော့ ကုကျန်းပြောလိုက်သည့် စကားကြောင့် ပိုင်ရှီရှင်း တစ်မျိုးထင်သွားမှာကို စိုးရိမ်နေခဲ့သော်လည်း ထိုသူက အနည်းငယ် အံ့ဩသွားဟန်သာပြပြီး ချန်ကျစ်ချူးကို အပြုံးလေးဖြင့် ငဲ့ကြည့်လာသည်။

“အဲ့လိုလား..? မင်းနဲ့သူက ချစ်သူတွေလား..?”

“မဟုတ်တာ..” ချန်ကျစ်ချူးက ကမန်းကတန်း ခေါင်းယမ်းပြရင်း ငြင်းဆန်လိုက်သည်။ : “ဒီအတိုင်း အသိတွေပါ..”

“ချန်ချန်…”

ကုကျန်း၏အမူအရာက အတန်ငယ် တောင့်တင်းသွားသည်။ ပိုင်ရှီရှင်း၏ နှုတ်ခမ်းထောင့်က ကော့တက်သွားပြီး ကုကျန်းအား လှည့်ကြည့်ကာ.. : “ကြည့်ရတာ ကုသခင်လေးပြောသလို မဟုတ်ပုံပဲ.. ကျစ်ချူးနဲ့ ဒီအတိုင်း ‘သာမန်’အသိအကျွမ်း မဟုတ်လား..?”

သူက ‘သာမန်’ဟူသည့် စကားလုံးကို တစ်လုံးချင်းဖိပြောလိုက်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now