63 - Ghost School (17)

2.7K 593 34
                                    

Unicode

အခန်း - (၆၃) : သရဲကျောင်းတော် (၁၇)

ချန်ကျစ်ချူးသည် ဆုလင်းအနားသို့ တိုးသွားပြီး သူ၏နှုတ်ခမ်းကို တစ်ဖက်လူ၏နှုတ်ခမ်းပေါ် ဖိကပ်လိုက်၏။

နှုတ်ခမ်းချင်းထိသွားချိန် အအေးလှိုင်းတစ်ခု ဖြတ်ပြေးသွားပြီး ချန်ကျစ်ချူးမှာ မထိန်းနိုင်အောင် တုန်ယင်သွားရသည်။ ထိုအခိုက် ယခု သူနမ်းနေသည့်ဆုလင်းက ဆုလင်းအစစ်မှန်း သဘောပေါက်သွားသည်။ အရင်ဆုလင်းနှင့် နမ်းခဲ့စဉ်က ယခုလိုအအေးဓာတ်မျိုး မခံစားခဲ့ရသဖြင့် ကိုယ်ခွဲတစ်ခုသာ ဖြစ်ပေလိမ့်မည်။

သို့သော် ဆုလင်းအစစ်ဖြစ်စေ၊ ကိုယ်ခွဲဖြစ်စေ၊ တုံ့ပြန်မှုက အတူတူချည်းသာ။ ချန်ကျစ်ချူးထံမှ အနမ်းခံလိုက်ရသည်နောက် ဆုလင်းမှာ လုံးဝကြောင်အမ်းသွားပြီး အေးတိအေးစက် မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားသည်။ သာမန်လူငယ်လေးတစ်ဦးလို အံ့ဩတုန်လှုပ်နေသော မျက်ဝန်းနက်နက်များဖြင့် ချန်ကျစ်ချူးအား ကြောင်ကြည့်နေလေသည်။

ထိုအကြည့်ကြောင့် ချန်ကျစ်ချူးမှာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူ၏လုပ်ရပ်ကို ပြန်တွေးမိချိန် မျက်နှာပျက်သွားရသည်။

…. သူ့အဖြစ်က ဆုလင်းကို အတင်းဖက်နမ်းရုံတင်မကဘူး.. နှစ်ခါဆက်တိုက် နမ်းလိုက်မိသလို ဖြစ်သွားပြီ။ အဲ့တစ်ခုတည်းဆို ကိစ္စမရှိပေမယ့် အခုပိုပြီးကြောက်စရာကောင်းတာက သူ ယောက်ျားတွေကိုနမ်းရတာ ကျင့်သားရလာပြီ။ စိတ်ထဲ နှစ်ခါပြန်စဉ်းစားတာတွေ၊ တွေဝေနေတာတွေ မရှိတော့ဘူး။ Boss က လာမနမ်းရင်တောင် လက်ဦးမှုယူပြီး အရင်နမ်းတတ်နေပြီ။ အကျင့်ပါနေသလိုမျိုး အတင်းဖက်နမ်းတာတောင် လုပ်တတ်နေပြီဆိုတော့…. သူ့ဘဝက ကယ်တင်လို့မရတော့ဘူး…..

ဒါက အဖြောင့်တစ်ယောက် လုပ်သင့်တဲ့ကိစ္စရော ဟုတ်သေးရဲ့လား..?!

ချန်ကျစ်ချူးမှာ ထိုအတွေးများ၏ သက်ရောက်မှုကြောင့် ဆုလင်းကို နမ်းနေရာမှ နောက်တစ်လှမ်းဆုတ်လိုက်မိ၏။

သူနောက်ဆုတ်လိုက်မှ ဆုလင်းလည်း သတိပြန်ကပ်သွားပုံပေါ်သည်။ မှိုင်းညို့နေသည့် မျက်ဝန်းအိမ်ထဲတွင် အလင်းစလေးတစ်ခု ပေါ်ထွက်လာပြီး တဖြည်းဖြည်း ပိုမိုလင်းလက်လာသည်။ မျက်နှာပေါ်တွင် အပျော်ရိပ်တို့ ဖုံးလွှမ်းနေပြီး ချန်ကျစ်ချူး၏ လက်ကောက်ဝတ်ကို ဆောင့်ဆွဲကာ နူးနူးညံ့ညံ့လေး ထပ်နမ်းလိုက်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now