93 - Extra : Bloody Fairy Tale (3)

2.3K 426 18
                                    

Unicode

အခန်း - (၉၃) : သွေးစွန်းဒဏ္ဍာရီ (၃)

လူရွယ်နှင့် အနက်ရောင်စစ်သည်တော်နှစ်ဦး သတိလက်လွတ်ဖြစ်နေစဉ် ချန်ကျစ်ချူးက ကုန်းရုန်းထပြီး လူရွယ်၏နှုတ်ခမ်းကို နမ်းလိုက်၏။ သူ့ခမျာ ကြောက်လွန်း၍ လက်ချောင်းလေးများပင် တုန်ယင်နေပြီး အတော်လေး စိတ်လှုပ်ရှားနေသည်။ နမ်းနေစဉ်အတွင်း မည်သည့်ချိုမြိန်မှုမှ ခံစားချိန်မရလိုက်ပေ။

လူရွယ်ကို ပြေးနမ်းရသည့် အကြောင်းအရင်းကား အပိုင်းပိုင်းအထစ်ထစ် အခုတ်မခံရခင် တာဝန်ပြီးမြောက်ချင်သောကြောင့် ဖြစ်သည်။ အသားစဉ်းကောဖြစ်သွားခါမှ လူရွယ်အနားကပ်ချင်လျှင် အခွင့်အရေးမရှိတော့ပေ။

လူရွယ်လည်း မထင်မှတ်ထားသည့် ဖြစ်ရပ်ကြောင့် အံ့ဩမှင်သက်နေသည်။ အတော်ကြာအောင် ကြက်သေ,သေနေပြီး ဘာမှမတုံ့ပြန်နိုင်ခဲ့ပေ။ ချန်ကျစ်ချူးက အောင်မြင်သည်နှင့် စိတ်သက်သာရာရသွားသည်။ သို့နှင့် နောက်ပြန်ဆုတ်မည်အပြု သူ၏နှုတ်ခမ်းတွင် ဆစ်ခနဲ နာကျင်သွားသည်။ အစောပိုင်းက ကမန်းကတန်း ဖိနမ်းလိုက်ချိန် လူရွယ်၏ သွားစွယ်နှင့် မတော်တဆ ခြစ်မိသွားခြင်းပင်။

သူ၏ပါးစပ်ထဲတွင် သွေးအရသာအနည်းငယ် ပျံ့နှံ့လာသည်။ သို့သော် အရသာခံရန် အချိန်မရလိုက်၊ ထိုသွေးနံ့က ဗန်ပိုင်းယားကို ရုတ်ချည်း နိုးထလာစေ၏။ လူရွယ်၏ မျက်ဝန်းနီနီများက ရုတ်တရက် နီရဲတောက်ပလာပြီး ချန်ကျစ်ချူး၏ခါးကို ခပ်တင်းတင်း ပွေ့ဖက်ကာ အကြမ်းပတာ နမ်းလာခဲ့သည်။

သွေးအရသာက ယောက်ျားနှစ်ယောက်၏ ပါးစပ်ထဲတွင် ကူးလူးနေသည်။ လူရွယ်က ချန်ကျစ်ချူး၏ဒဏ်ရာမှ သွေးကို စုပ်ယူရင်း မတင်းတိမ်နိုင်တော့ပေ။ ချန်ကျစ်ချူး၏ လည်ပင်းကိုကိုက်ပြီး အငမ်းမရ သွေးစုပ်လေသည်။

"အာ့.."

သွေးထွက်လွန်မှုကြောင့် ချန်ကျစ်ချူး မူးဝေလာသည်။ သူ၏အမြင်အာရုံက မည်းမှောင်လာပြီး လူရွယ်၏ အင်္ကျီစကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သို့သော် အစွယ်က သူ၏လည်ပင်းထဲ နက်ရှိုင်းစွာ စိုက်ဝင်နေပြီး တစ်ဖက်လူက သူ၏ခါးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသဖြင့် သူ၏ပုံစံလေးက ကူကယ်ရာမဲ့နေသည့် သားကောင်သဖွယ်၊ မည်သို့ရုန်းကန်နေပါစေ လူရွယ်၏လက်ထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now