13 - Midnight Mansion (End)

5.1K 789 56
                                    

Unicode

အခန်း - (၁၃) : သန်းခေါင်ယံစံအိမ် (End)

နေရခက်ခြင်းနှင့် လိပ်ပြာမလုံစိတ်။ ဤကား ချန်ကျစ်ချူး လက်ရှိခံစားနေရသော ခံစားချက်များပင်။

ဘာလို့ လိပ်ပြာမလုံသလို ခံစားနေရမှန်း သူ့ကိုယ်သူ မသိပါသော်လည်း… မဟုတ်သေးဘူး၊ ပုံမှန်လူ ဘယ်သူမဆို ပိုင်ရိဆီက အဲ့လိုမျိုးကြီး စိုက်ကြည့်ခံရရင် အနည်းနဲ့အများဆိုသလို ဖိအားခံစားရမှာပဲ။ ဒါပေမဲ့ ပိုပြီးထူးဆန်းတာက… ပိုင်ရိက သူ့ကို ဘာလို့ အဲ့လိုအကြည့်မျိုးနဲ့ စိုက်ကြည့်နေတာလဲဟင်..?

ပိုင်ရိသာ ထုတ်မပြောဘူးဆိုရင် သူနဲ့ဂျိုရှုအာ နမ်းနေတာကို တစ်ဖက်လူ မြင်တွေ့သွားကြောင်း သူ မေ့သွားလောက်ပြီ။ ပိုင်ရိ တွေ့သွားတယ်ဆိုရင်တောင် သိမ်မွေ့ယဉ်ကျေးတဲ့ စရိုက်ကြောင့် ဘာမှမမြင်လိုက်သလို ဟန်ဆောင်ပြီး ထုတ်မပြောလောက်ဘူးလို့ ထင်ထားမိတာ။ ဒါပေမဲ့ ပိုင်ရိက မြိုသိပ်ထားမယ့်အစား အဲ့အကြောင်း ပြန်အစဖော်လာပြီး သူ့ကို အတည်ကြီး မေးမြန်းနေလေရဲ့။

“…………….”

ရုပ်ချောသည့် ထိုအမျိုးသားသည် သူ့အား စူးစိုက်ကြည့်လျက်၊ မျက်နှာထက်မှ အပြုံးပင် အတန်ငယ် မှိန်ဖျော့လာချေ၏။ မမှိတ်မသုန် စိုက်ကြည့်နေသောကြောင့် ချန်ကျစ်ချူး၏စိတ်ထဲ နေရခက်သလို ခံစားလာရသည်။ တစ်ဖက်လူ ဘာကြောင့် စိတ်ဆိုးနေမှန်း သူ နားမလည်နိုင်တော့ချေ။

မဟုတ်မှလွဲရော…

ရုတ်တရက် တွေးမိလိုက်သည့် ကြောက်စရာအတွေးတစ်ခုကြောင့် ချန်ကျစ်ချူး ထိတ်ပျာသွားရသည်။

မဟုတ်မှလွဲရော ပိုင်ရိက အရမ်းဖြောင့်လွန်းလို့ ဂေးတွေကို မုန်းတီးနေပြီး သူ့အရှေ့မှာ ဂေးဆန်ဆန်အပြုအမူတွေ လုပ်နေတာကို လုံးဝသည်းမခံနိုင်တာများလား..?!

မဖြစ်ဘူး။ သူ့ရဲ့အခြေအနေကို ရှင်းပြမှဖြစ်မယ်။ သူ့အပေါ် ပိုင်ရိ ထူးထူးဆန်းဆန်းတွေ တွေးပြီး အထင်လွဲသွားမှာမျိုး လုံးဝခွင့်မပြုနိုင်ဘူး..! သူ့လို အဖြောင့်စစ်စစ်က ရှက်စရာကောင်းတဲ့ အထင်လွဲမှုတစ်ခုကြောင့် ပိုင်ရိလို ပေါင်လုံးတုတ်တုတ်ကြီးကို လက်လွှတ်လိုက်ရမယ်ဆိုရင် သွေးအန်တဲ့အထိ ဒေါသထွက်မိလိမ့်မယ်..!!!

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now