69 -Ghost's Bride (5)

2.8K 571 39
                                    

Unicode

အခန်း - (၆၉) : တစ္ဆေသတို့သမီး (၅)

‘Winter Branch’ ရဲ့အသံက ဘာလို့ ပိုင်ရိရဲ့အသံနဲ့ တူနေတာလဲ..?

ထိုအခြင်းအရာကြောင့် ချန်ကျစ်ချူး၏ အမူအရာက ဖျော့တော့သွားပြီး နှလုံးသားထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်လာ၏။ ဘာမှမတွေးနိုင်တော့ဘဲ အသက်ရှူရပ်သွားသလိုပင် ခံစားနေရသည်။

သို့သော် ‘Winter Branch’ က သူကြောက်နေတာကို သတိထားမိပုံမပေါ်ချေ။ ပူနွေးသည့် အသားအရေကို ဆက်လက်ထိတွေ့နေပြီး ရေခဲတမျှအေးစက်သည့် နှုတ်ခမ်းအထိအတွေ့က ချန်ကျစ်ချူး၏ ပါးပြင်မှတဆင့် နားသန်သီးလေးဆီသို့ ရွေ့လျားသွားသဖြင့် ချန်ကျစ်ချူးမှာ တုန်ယင်သွားရသည်။

သို့တိုင် သူ၏အရှေ့တွင် မည်သည့်အရာမျှရှိမနေ။ ‘Winter Branch’ သည် ရုပ်ခန္ဓာမရှိဘဲ သူ၏အသိစိတ်နယ်မြေထဲ ပုန်းအောင်းနေပုံပေါ်သည်။ အထိအတွေ့က အလွန်သိသာသော်ငြား အစစ်အမှန်မဟုတ်ပုံပင်။

ဘေးမှာထိုင်နေသည့် သတို့သားက မူမမှန်သည့်ကိစ္စများကို သတိမပြုမိချေ။ သူ၏ဘေးကပ်ရပ်မှာပင် ‘Winter Branch’က ချန်ကျစ်ချူးကို အသံတိတ် အသားယူနေကြောင်း သူ,မသိလိုက်ပေ။

‘Winter Branch’ က သူ့ရဲ့အသိစိတ်ထဲ ရောက်နေလို့ ဘယ်သူ့အသံမဆို သုံးနိုင်တာများလား..? ပိုင်ရိကို ရွေးချယ်မိတာကြောင့် ပိုင်ရိရဲ့အသံနဲ့ ချွတ်စွပ်တူနေတာလား..?

ချန်ကျစ်ချူးသည် ညင်သာစွာ သက်ပြင်းရှိုက်ရင်း ထိတ်လန့်နေရာမှ ပြန်သတိကပ်သွား၏။ သူ၏ပါးပြင်ပေါ်မှ အထိအတွေ့ကို လျစ်လျူရှုရန် ခက်လှသည်။

နောက်ဆုံးတွင် လက်မြှောက်ပြီး သူ၏မျက်နှာကို ဖုံးကွယ်ထားမိသည်။ သို့သော် ယင်းအထိအတွေ့က အာရုံခံစားမှုမှတဆင့် ခံစားနေရခြင်းဖြစ်ရာ လက်ဖြင့်ကာထားသော်လည်း အသုံးမဝင်ခဲ့ပေ။ ထိုအစား သူ၏တုံ့ပြန်မှုက ‘Winter Branch’၏ အနမ်းကို ပိုမိုပြင်းထန်လာစေခဲ့သည်။

[ ဟူး…. ]

ချန်ကျစ်ချူး၏ နားထဲတွင် အသက်ရှူသံယဲ့ယဲ့ ကြားနေရလေသည်။ သူ့အမြင်တွင် ‘Winter Branch’ က သူ၏နားရွက်ထဲ တမင်လေမှုတ်ပြီး သူရှိနေကြောင်း သတိပေးနေသယောင် ထင်ရသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now