11 - Midnight Mansion (9)

4.5K 757 57
                                    

Unicode

အခန်း - (၁၁) : သန်းခေါင်ယံစံအိမ် (၉)

[သဲလွန်စတစ်ခု ရှာတွေ့ပါတယ်။ Exp Points 50 နဲ့ Survival Points 100 ရရှိပါတယ်။]

[Item အမည် : Mrs.မိန်ကျဲ၏ ဒိုင်ယာရီ (2/2)]

[Item အမျိုးအစား : Instance ၏ ဇာတ်ဝင်ပစ္စည်း]

[Instance အပြင် ယူဆောင်သွားခွင့် : မရှိပါ။]

[Description : ပထမဆုံးစံအိမ်ပိုင်ရှင်၏ ဒိုင်ယာရီမှတ်တမ်း။ ဘယ်သူမှမသိသေးတဲ့ လျှို့ဝှက်ချက်တွေ ပါဝင်ပုံရပါတယ်။]

“…………..”

ချန်ကျစ်ချူးလည်း လက်ထဲမှ သွေးစွန်းနေသော စာရွက်များကို ငုံ့ကြည့်လိုက်မိသည်။ ပြီးနောက် ဖွင့်ဖတ်ရန် ပြင်လိုက်သည့်အချိန် ရုတ်တရက် သူ့ကိုဗဟိုပြုပြီး အဆောက်အအုံတစ်ခုလုံး လှုပ်ယမ်းသွားသလို ခံစားလိုက်ရ၏။ ကြောက်ကြောက်လန့်လန့်ဖြင့် ဒိုင်ယာရီစာရွက်များကို လွှင့်ပစ်ကာ ကြမ်းပြင်ပေါ် ကွေးကွေးလေး ဝပ်နေလိုက်သည်။

သို့သော် ထိုအဖြစ်က စက္ကန့်အနည်းငယ်သာ ကြာလိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်ငြိမ်သက်သွားကာ မည်သည့်လှုပ်ရှားမှုမျှ မကြားရတော့ပေ။ ချန်ကျစ်ချူးက သူ့ပတ်ပတ်လည်ကို သတိကြီးကြီးထားပြီး ဆန်းစစ်ကြည့်လိုက်သည်။ ဘာမှပေါ်မလာတာ သေချာသွားတော့မှ ဒိုင်ယာရီစာရွက်များကို ကပျာကယာ သွားကောက်လိုက်ပြီး အခန်းထောင့်မှာ ကွေးကွေးလေး သွားထိုင်နေလိုက်၏။ သူ၏နောက်တွင် တံခါးတစ်ချပ်ရှိနေသဖြင့် အနည်းငယ် စိတ်အေးသွားရသည်။

ဘာတွေဖြစ်နေတာလဲ..? ဒိုင်ယာရီကြောင့်တော့ မဟုတ်လောက်ဘူး။ အပေါ်မှာ တစ်ခုခုဖြစ်နေတာထင်တယ်။ ပိုင်ရိနဲ့များ သက်ဆိုင်နေမလား..?

ချန်ကျစ်ချူးမှာ ပိုင်ရိအတွက် အနည်းငယ် စိတ်ပူလာခဲ့သည်။ သိတာမကြာသေးသော်လည်း ပိုင်ရိက သူ့ကို ဂရုစိုက်ပေးသလို သူ့ရဲ့အသက်ကိုလည်း ကြိမ်ဖန်များစွာ ကယ်ခဲ့သေးသည်။ ထို့ကြောင့် ပိုင်ရိအတွက် စိတ်ပူနေမိသည်က သဘာဝပါပင်။

ပိုင်ရိတောင် တစ်ခုခုဖြစ်နေပြီဆိုရင် သူလည်း…. မဟုတ်ဘူး။ စစ်မရောက်ခင် မြားကုန်မနေသင့်ဘူး။ ပေါက်ကရတွေ လျှောက်တွေးနေမယ့်အစား ဒိုင်ယာရီဖတ်ရမယ်။ ပြီးရင် ပိုင်ရိနဲ့ ပြန်ဆုံနိုင်အောင် မြန်မြန်ပြန်သွားရမယ်..!

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now