7 - Midnight Mansion (5)

5.3K 836 22
                                    

Unicode

အခန်း - (၇) : သန်းခေါင်ယံစံအိမ် (၅)

"ဂျွတ်...."

ဓာတ်မီးမှ မှိန်ဖျော့ဖျော့အလင်းသည် လှေကားထစ်ကျဉ်းကျဉ်းလေးကို အလင်းပြနေ၏။ ဆွေးမြေ့နေသော သစ်သားပြားပေါ်သို့ တက်နင်းလိုက်သည်နှင့် တကျိကျိမြည်လာသောကြောင့် ချန်ကျစ်ချူးမှာ ထိတ်လန့်သွားရပြီး ဓာတ်မီးကိုင်ထားသည့် လက်ပင် မသိမသာ တုန်ယင်လာခဲ့သည်။

အစောပိုင်းက သရဲခြောက်ခံထားရသဖြင့် သူ၏စိတ်ထဲတွင် အကြောက်တရားတချို့ ကျန်ရစ်နေဆဲ။ ယခုအချိန် ဤသရဲခြောက်သည့် စံအိမ်ကြီးထဲ သူတစ်ယောက်တည်း ကျန်ရှိနေလျှင် အကြောက်လွန်ပြီး ရူးသွားလောက်မည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူတစ်ယောက်တည်းမဟုတ်။ 'ပိုင်ရိ'လို အစွမ်းထက်သော အသင်းဖော်တစ်ဦးလည်း သူနှင့်အတူ ရှိနေသေးသည်။

လမ်းလျှောက်လာရင်း ပိုင်ရိ၏ နောက်ကျောပြင်ကိုကြည့်ကာ ချန်ကျစ်ချူး စိတ်အေးသွားရသည်။ ဓာတ်မီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိရင်း ပိုင်ရိအား အရှက်မရှိ မျှော့တွယ်သလို တွယ်ကပ်ကာ လက်ရှိ Instance ပြီးသည်နှင့် သူငယ်ချင်းဖြစ်အောင် လုပ်ရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ဟုတ်တယ်.. ပိုင်ရိက ဒီလောက်စိတ်ထားကောင်းတာ၊ သူ့ကို မငြင်းလောက်ပါဘူး..!

ပိုင်ရိ၏ပေါင်လုံးကို ဖက်တွယ်မည့် အကြံနှင့်ပက်သက်၍ နည်းနည်းမျှ ရှက်စိတ်မရှိ။ ထိုအစား 'သူနဲ့အတူတူ အလုပ်တွဲလုပ်အောင် ပိုင်ရိကို ဘယ်လိုကမ်းလှမ်းရမလဲ၊ တစ်ယောက်အကြောင်း တစ်ယောက်သိအောင် ဘယ်လိုလုပ်ရမလဲ၊ မိတ်ဆွေဖွဲ့နိုင်ခဲ့ရင် Instance ထဲဝင်တိုင်း အမြဲတမ်းအသင်းဖော်တွေတောင် ဖြစ်လာနိုင်တယ်..' စသည်ဖြင့် စတင်စဉ်းစားနေတော့သည်။

သို့သော် သူ၏စိတ်ထဲတွင် သံသယအချို့ ကျန်ရှိနေဆဲ။ ဥပမာအားဖြင့် 'ပိုင်ရိက ဒီလောက်အစွမ်းထက်တဲ့ ရေစင်တွေကို ရေသန့်ပုလင်းထဲ ဘာလို့ထည့်ထားရတာလဲ..?'၊ ပြီးသည်နှင့် ပိုင်ရိအတွက် ခပ်မြန်မြန်ပင် ဆင်ခြေရှာပေးလိုက်ပြန်သည်။ 'အဲ့ Item ကို ရကတည်းက ရေသန့်ပုလင်းထဲ ရှိနေတာနေမှာပေါ့လေ..'

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now