75 - Ghost's Bride (11)

2.6K 551 20
                                    

Unicode

အခန်း - (၇၅) : တစ္ဆေသတို့သမီး (၁၁)

သွေးနီရောင်ဒင်္ဂါးသည် ကြမ်းပြင်ပေါ်သို့ ပြန်ကျလာပြီးနောက် အတော်ကြာအောင် လည်နေပြီး နောက်ဆုံးတွင် နတ်ဆိုးမျက်နှာ ကျသွားသည်။

ထိုမြင်ကွင်းကြောင့် ချန်ကျစ်ချူးမှာ နှလုံးခုန်ရပ်သွားသလိုပင်။ အလိုလိုတွေးလိုက်မိသည်ကား သူ ပိုပြီး ကံဆိုးချေတော့မည်ဟူ၍။ အထူးသဖြင့် ‘Winter Branch’ ၏ ထိန်းချုပ်မှုအောက် ရောက်နေသော ယခုလိုအခြေအနေမျိုးတွင် အနှေးနှင့်အမြန် သေသွားမှာကို ကြောက်ရသည်။

သို့သော် ထိုအခိုက် သူ၏ခြေထောက်အောက်မှ ပြင်းပြင်းထန်ထန် တုန်ခါလာသလို ခံစားလိုက်ရ၏။ စိတ်ထင်နေတာမဟုတ်ဘဲ မြေပြင်က အမှန်တကယ် တုန်ခါနေခြင်းဖြစ်ကြောင်း သတိထားမိလိုက်သည့်အခိုက် ချန်ကျစ်ချူးပင် အံ့အားသင့်သွားသည်။ လမ်းတစ်ဖက်တစ်ချက်ရှိ အဆောက်အအုံများအားလုံး လှုပ်ယမ်းနေတော့သည်။ တံခါးများ ဖွင့်လိုက်ပိတ်လိုက်ဖြင့်၊ ခြံထဲမှ သစ်ပင်များလည်း စတင်ယိမ်းထိုးလာသည်။

ဒါက…. ငလျင်လှုပ်တာလား..?!

ချန်ကျစ်ချူးတစ်ယောက် မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်အောင် ဖြစ်နေရှာသည်။ သူ့ခမျာ အသက်ရှူသံပင် မမှန်တော့ချေ။

ဘယ်လောက်တောင် ကံဆိုးနေလို့ Instance ထဲမှာတောင် ဒီလိုသဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတာလဲ..? ဒင်္ဂါးထပ်မြှောက်လို့ သူ့ခေါင်းပေါ်ကို ကျောက်တုံးတစ်တုံး ပြုတ်ကျလာပြီး နေရာမှာတင် ပွဲချင်းပြီးသေသွားရင်တောင် သူ မအံ့ဩတော့ဘူး..!

“ဂျွတ်..”

မလှမ်းမကမ်းမှ သံတံခါးသည် နှစ်အတော်ကြာပြီဖြစ်၍ ငလျင်ဒဏ်ကို မခံနိုင်တော့ချေ။ ကျိုးပဲ့သံများနှင့်အတူ သံတံခါးမကြီးသည် သံတိုင်မှ ပြုတ်ထွက်သွားပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲပြိုကျသွားသည်။ ဒင်္ဂါးကိုကိုင်ထားသည့် လက်ပြတ်ကြီးလည်း တံခါးအောက်တွင် စိစိညက်ညက် ကြေသွားတော့သည်။

ငွေဒင်္ဂါးက လေပေါ်သို့ ဝဲပျံတက်သွားပြီး ချန်ကျစ်ချူး၏ ခန္ဓာကိုယ်ပေါ် ပြုတ်ကျလာကာ အောက်ဘက်သို့ ဖြည်းဖြည်းချင်း လိမ့်ဆင်းသွားသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Donde viven las historias. Descúbrelo ahora