31.05 - Special Episode

3.3K 582 5
                                    

Unicode

Short Extra : ရှဲ့ယွမ်ဟွိုင် x ချန်ကျစ်ချူး

“အစ်ကိုယွမ်ဟွိုင်.. ဒီရက်ပိုင်းတွေ ကျွန်တော်နဲ့ ညဘက်အဖော်အိပ်ပေးရလို့ တကယ်ကို အားနာပါတယ်.. အစ်ကိုလည်း ပင်ပန်းနေတော့မှာပဲ.. ဒီနေ့ညတော့ ကျွန်တော့်ဘာသာ အိပ်ရဲသွားပါပြီ.. အဲတာကြောင့် မစိုးရိမ်နဲ့တော့နော်.. အခန်းပြန်ပြီး ကောင်းကောင်းအနားယူဦး..”

ထိုစကားလုံးများက သည်အတိုင်း နားထောင်လျှင် အမှားအယွင်းမရှိ။ ကောင်လေးသည် သရဲကြောက်သော်လည်း ရှဲ့ယွမ်ဟွိုင်၏ ကျန်းမာရေးအခြေအနေကို စိုးရိမ်သဖြင့် ရှဲ့ယွမ်ဟွိုင် ကောင်းကောင်း အနားယူနိုင်ရန်အတွက် သူတစ်ယောက်တည်းအိပ်ရန် ဆုံးဖြတ်ခဲ့ပုံပေါ်သည်။

သို့သော် ထိုစကားပြောနေချိန် ကောင်လေးက အတန်ငယ် မဝံ့မရဲဖြစ်နေ၏။ ခေါင်းငုံ့ကာ နားရွက်နီနီလေးဖြင့် အင်္ကျီအစွန်းကို ဆုပ်ကိုင်ထားသည်။ ထို့အပြင် ရှဲ့ယွမ်ဟွိုင်ကိုလည်း တည့်တည့်မကြည့်ရဲပေ။ ထို့ကြောင့် တစ်ခုခုဖြစ်နေပါလျက် ဘာမှမဖြစ်သလို ဟန်ဆောင်နေမှန်း သိသာနေတော့သည်။

ရှောင်ချူး သူ့ကို ဘာတွေဖုံးကွယ်ထားတာလဲ..?

ရှဲ့ယွမ်ဟွိုင်သည် ကောင်လေးက သူ့ကို ညဘက်မလာစေချင်သည့်အတွက် ဆင်ခြေပေးပြီး အဝေးကိုတွန်းပို့နေမှန်း ချက်ချင်း သဘောပေါက်လိုက်သည်။

သူ့ကို ဘာလို့မပြောပြတာလဲ..? ဒီမတိုင်ခင်က ရှောင်ချူး သူ့ကို ဘာမှမဖုံးကွယ်ဖူးဘူး။ အခု လိမ်ပြောနေပြီဆိုတော့ အကြောင်းပြချက်တစ်ခုခု ရှိနေလို့လား..? သူ မသိအောင် နောက်တစ်ယောက်နဲ့ တွေ့နေတာများလား..?

ရှဲ့ယွမ်ဟွိုင်မှာ မထိန်းနိုင်အောင် လျှောက်တွေးနေမိသည်။ သူ၏မျက်ဝန်းများ မှောင်မိုက်သွားသော်လည်း မျက်နှာအမူအရာကတော့ ပြောင်းလဲမှုမရှိ။ သူက အကြောင်းအရင်းမမေးဘဲ တည်တည်ငြိမ်ငြိမ် သဘောတူလိုက်သည်။

“ဟုတ်ပါပြီ..”

“အဲတာဆို အနားယူတော့နော် ကိုကိုယွမ်ဟွိုင်…”

ကောင်လေး၏ အမူအရာက စိတ်သက်သာရာရသွားဟန်။

ညသန်းခေါင်ယံအချိန် ဆေးရုံဝင်းထဲ တိတ်ဆိတ်ငြိမ်သက်နေ၏။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now