Unicode
အပိုင်း - (၂၂) : စွန့်ပစ်ဆေးရုံ (၆)
“ဘာဖြစ်လို့လဲ..? စာထဲမှာ ဘာရေးထားလို့လဲ..? ရှင်တို့တွေ ဘာလို့ ဘာမှမပြောကြတာလဲ..?”
မုန့်ခယ်က မျက်လုံးလေးကလယ်ကလယ်ဖြင့် မေးလာသည်။ ဘာတွေဖြစ်ပျက်နေမှန်း သူမ နားမလည်တော့ပါချေ။
ဆရာဝန်လက်ရေးကို မဖတ်တတ်သလို ဘာတွေရေးထားမှန်းလည်း သူမ မသိပေ။ ဖတ်တတ်သည့် ကျီယွင်ရှောင်ကလည်း စာဖတ်ပြီးနောက် အသံတိတ်သွားပြီး အနည်းငယ် ရှက်ရွံ့နေသည့် မျက်နှာလေးဖြင့် ချန်ကျစ်ချူးကိုသာ ငေးကြည့်နေသည်။
… ရှောင်ရှောင် ရှက်နေပုံလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ ဓာတ်ပုံရိုက်ထားချင်လိုက်တာ။ ဒါပေမဲ့ သူမမှာ ဖုန်းမှမရှိ.. မဟုတ်သေးဘူး.. မဟုတ်သေးပါဘူး။ ဒါတွေ စဉ်းစားနေရမယ့် အချိန်မှမဟုတ်တာ။ စိတ်ထိန်းထားမှဖြစ်မယ်..!
နောက်ထပ် ထူးဆန်းနေတာ တစ်ခုရှိသေးတယ်။ ချန်ကျစ်ချူးလည်း ဒီစာဖိုင်ကို ဖတ်နိုင်ပုံပဲ။ ဒါပေမဲ့ ဖတ်ပြီးတာနဲ့ ခပ်ပြင်းပြင်း အရိုက်ခံလိုက်ရသလို မချိတင်ကဲ ရင်နာနေတဲ့ပုံနဲ့ အသံတတ်သွားပြန်ရော။ ဘာတွေများ ရေးထားလို့ပါလိမ့်..?...
“အာ…. နင့်ရဲ့ ဆေးမှတ်တမ်းများလား..?”
အစောပိုင်းက တာ့ကောင်းပြောလိုက်သည့် ‘ဆေးမှတ်တမ်းတွေ ထင်တာပဲ..’ ဟူသည့် စကားကို ပြန်သတိရသွားပြီး မုန့်ခယ်က ချန်ကျစ်ချူးကို သိချင်စိတ်အပြည့်ဖြင့် လှမ်းမေးလိုက်သည်။ ထိုမေးခွန်း၏ အကျိုးဆက်ကား ချန်ကျစ်ချူးမှာ တစ်ကိုယ်လုံး တောင့်ခဲသွားရပြီး ချစ်စရာကောင်းသည့် မျက်နှာလေးက ရှက်အမ်းအမ်းဖြစ်ကာ နီရဲလာခြင်းပင်။
အို့…. သူလေးလည်း ချစ်စရာလေးပဲ..!
မုန့်ခယ်၏ ပျော့ကွက်ကို ထိမိသွားချေပြီ။
“………”
ချန်ကျစ်ချူးမှာ အတော်ကြာအောင် အသံတိတ်နေခဲ့ပြီးနောက် အားတင်းကာ ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် ရှင်းပြလိုက်သည်။ “အမှန်ပဲ.. ကျွန်တော့်ရဲ့ ဆေးမှတ်တမ်းပါ.. ကျွန်တော် ဆေးရုံတက်ခဲ့တဲ့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ဆေးမှတ်တမ်း ဖြစ်လိမ့်မယ်.. ရောဂါက အလယ်အလတ်အဆင့် စိတ်ကစဉ့်ကလျားရောဂါ.. ကျွန်တော်က တကယ်မရှိတဲ့ အရာတွေကို တစ်ခါတလေမှာ စိတ်ကူးယဉ်နေတတ်တယ်တဲ့..”
YOU ARE READING
အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!
HorrorI rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.