54 - Ghost School (8)

2.8K 547 20
                                    

Unicode

အခန်း - (၅၄) : သရဲကျောင်းတော် (၈)

ချန်ကျစ်ချူးသည် ဆုလင်းရှိရာ လျှောက်လာသော ဆယ်ကျော်သက်အရွယ် သူ့ကိုယ်သူ ပြန်ကြည့်ရင်း လက်ရှိအခြေအနေက ဤဇာတ်ကြောင်း၏ မှတ်ဉာဏ်တစ်ခုသာ ဖြစ်ကြောင်း သိနေပါသော်ငြား တစ်မျိုးတစ်မည် ခံစားလာရသည်။ ဆယ်ကျော်သက်လေး ‘ချန်ကျစ်ချူး’၏ ပုံပန်းသွင်ပြင်သည် ကျောင်းဝတ်စုံမှလွဲ၍ သူ အထက်တန်းတက်စဉ်ကပုံစံနှင့် လုံးဝချွတ်စွပ်တူနေသည်။

ဆယ်ကျော်သက်လေးက ဆုလင်းရှေ့သို့ လျှောက်သွားပြီး ခါးကိုင်းလိုက်သည်။ သူ၏အမူအရာက ဆုလင်းအတွက် အတော်လေး စိုးရိမ်နေဟန်။

ဆုလင်းက သူရောက်လာတာကို အဖက်မလုပ်ဘဲ ဆက်အိပ်နေသော်ငြား ဆယ်ကျော်သက်လေးက စိတ်မဆိုးပေ။ ထိုအစား ပို၍ပင် စိတ်ပူလာပြီး.. : “ကိုယ်ပူနေတာလား..? ရေသွားယူပေးရမလား..?”

“……….”

ဆုလင်းက ဘာမှပြန်မပြောဘဲ ဆယ်ကျော်သက်လေးကိုသာ မျက်ဝန်းနက်နက်များဖြင့် အသာမော့ကြည့်လိုက်သည်။

ဆယ်ကျော်သက်လေးက သူ့ကို ပြုံးပြပြီး သူ၏နဖူးကိုထိရန် အသာလက်လှမ်းလာသည်။ ထိုအခိုက် ဆုလင်း၏ တုံ့ပြန်ပုံက အလွန်ပြင်းထန်ခဲ့လေ၏။ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ဆယ်ကျော်သက်လေး၏ လက်ကို ခပ်ကြမ်းကြမ်း ပုတ်ထုတ်ပစ်လိုက်သည်။ ပြီးနောက် တိုးရှစွာ ပြောသည်။ : “ငါ့ကို လာမထိနဲ့..”

“တောင်းပန်ပါတယ်.. အဖျားရှိမရှိ စမ်းကြည့်ချင်ရုံပါ..” ဆယ်ကျော်သက်လေးက နီရဲသွားသည့်လက်ကို ပွတ်ရင်း တောင်းပန်လိုက်သည်။ “မင်းကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်.. ရေသွားယူပေးမယ်လေနော်..?”

ဆယ်ကျော်သက်လေး လှည့်ထွက်သွားချိန်မှာတော့ ဆုလင်းက ခေါင်းမော့လာသည်။ သူ၏နှုတ်ခမ်းများက တင်းတင်းစေ့နေပြီး ခပ်လှမ်းလှမ်းမှ ပုံရိပ်လေး၏ နောက်ကျောပြင်ကို ငေးကြည့်ရင်း အင်္ကျီကိုင်ထားသည့် လက်ချောင်းများက တင်းကျပ်သွားသည်။

ဆုလင်း၏ အသွင်အပြင်က ဆွဲဆောင်မှုရှိသည်။ အမြဲတစေ ညှင်းသိုးသိုးနေတတ်သော်လည်း ရုပ်ချောသော လူငယ်လေးတစ်ဦးပင်။ ဆယ်ကျော်သက်လေး ထွက်သွားချိန်တွင် ဆုလင်း၏ပုံစံက တစ်ကိုယ်လုံးမှ အတားအဆီးများကို ဖြေလျော့လိုက်သည့်နှယ် ကူကယ်ရာမဲ့နေသည့် အမူအရာမျိုး ဖော်ပြလာသည်။ ပြီးနောက် တိရစ္ဆာန်ငယ်လေးကို အနိုင်ကျင့်မိသည့် လူတစ်ယာက်ကဲ့သို့ မျက်လွှာချရင်း တီးတိုးရေရွတ်နေသည်။ : “တောင်းပန်ပါတယ်……….”

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now