81

2.7K 558 24
                                    

Unicode

အခန်း - (၈၁)

‘ချစ်တယ်’ ဟူသောစကားကို ကြားလိုက်ရချိန် ချန်ကျစ်ချူး၏ တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်ယင်လာသည်။ သူ၏ရင်ထဲတွင် တစ်ခါမှမခံစားဖူးသည့် ပျော်ရွှင်မှုတို့ လှိုက်တက်လာပြီး မီးရှူးမီးပန်းများသဖွယ် ပေါက်ကွဲနေတော့၏။ အိပ်မက်မက်နေသလိုလို.. သူ၏ခန္ဓာကိုယ်က လွင့်မျောနေသလိုလို… အရာအားလုံး အစစ်အမှန်မဟုတ်တော့သလို ခံစားနေရသည်။

အစကတည်းက ပိုင်ရိ သူ့ကို ကြိုက်နေမှန်း ခံစားသိနေသော်လည်း ပိုင်ရိ၏ပါးစပ်မှ ဖွင့်ဟဝန်ခံစကားကို ကြားလိုက်ရမှသာ သူတို့နှစ်ဦးလုံး တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးနေမှန်း တစ်ထစ်ချ ယုံကြည်သွားသည်။

ပိုင်ရိက သူ့ကို ချစ်သလို သူကလည်း ပိုင်ရိကို ချစ်တယ်..!

သူတို့နှစ်ယောက်က အပြန်အလှန် ချစ်နေကြတာပဲ..!

ချန်ကျစ်ချူး၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုသာ ရှိတော့၏။ မျက်ဝန်းအစုံက နီရဲနေပြီး တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်ယင်လျက်၊ အလွန် စိတ်လှုပ်ရှားသည်။ စကားမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေသည်။ ဘာမှမပြောဘဲ ပိုင်ရိကိုသာ တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားမိတော့သည်။

ပိုင်ရိက သူ၏နားရွက်နားကပ်ပြီး ချစ်မြတ်နိုးကြောင်း တတွတ်တွတ် ပြောနေသည်။ ပြီးနောက် သူ၏ဆံပင်ကို သပ်ပေးပြီး ကျောပြင်ကို ပွေ့ဖက်ကာ နားရွက်ဖျားကို နမ်းလေ၏။ ချန်ကျစ်ချူးမှာ ပိုင်ရိ၏ရင်ခွင်ထဲ အရည်ပျော်ကျလုမတတ်၊ သူ့ကိုယ်သူ ရေအိုင်တစ်အိုင် ဖြစ်သွားသလိုပင် ခံစားနေရသည်။

နောက်ဆုံးတော့ ပိုင်ရိက သူ့ကို မေးလာသည်။

“ကျစ်ချူး.. မင်းချစ်တဲ့လူက ဘယ်သူလဲဟင်..?”

“သေချာပေါက် ခင်ဗျားပဲပေါ့……..”

နောက်တစ်စက္ကန့်… အိပ်မက်မက်နေသလို ခံစားနေရသော ချန်ကျစ်ချူးက ခပ်တိုးတိုးလေး ပြောလာသည်။ သူ၏အသံက အလွန်ပျော့ပျောင်းပြီး ချိုမြိန်မှုတို့ ရောစွက်လျက်။

“ခင်ဗျားကလွဲရင် ဘယ်သူရှိဦးမှာလဲ..?”

ချန်ကျစ်ချူးက ပိုင်ရိ၏ရင်ခွင်ထဲမှ အသာရုန်းထွက်ပြီး မျက်နှာချောချောလေးကို ထိန်းကိုင်ကာ မျက်ဝန်းနက်နက်များထဲ စိုက်ကြည့်လိုက်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now