37 - Horror Variety (2)

3.5K 626 29
                                    

Unicode

အခန်း - (၃၇) : Horror Variety (2)

ဖန်သားပြင်ပေါ်မှ ကျိုးလော့ချန်၏ ဓာတ်ပုံကိုမြင်ပြီး ချန်ကျစ်ချူး၏စိတ်ထဲတွင် အတန်ငယ် ရင်းနှီးနေသလို ခံစားလာရ၏။ မသိစိတ်အရ ထိုသူ၏နာမည်ကို ရှာဖွေရန် ဖုန်းထုတ်ချင်ခဲ့သော်လည်း အိပ်ကပ်ကိုစမ်းမိခါမှ သူ၏ဖုန်းကို ဝန်ထမ်းများ ယူထားကြောင်း သတိရသွားသည်။ သို့နှင့် နာမည်ရှာကြည့်မည့်အကြံကို လက်လျော့လိုက်ရသည်။

ချန်ကျစ်ချူးသည် သူ၏ခံစားချက်အပေါ် ထွေထွေထူးထူး မခံစားရပေ။ မည်သို့ဆိုစေ ကျိုးလော့ချန်ဟာ လွန်ခဲ့သောဆယ်နှစ်ခန့်က အတော်လေး နာမည်ကြီးခဲ့သည့် ပန်းချီဆရာတစ်ဦးဖြစ်ပြီး အောင်မြင်ကျော်ကြားနေချိန်တွင် ကိုယ့်ကိုယ်ကို သတ်သေသွားသူ ဖြစ်သည်။ သို့ဖြစ်၍ သူလည်း ကျိုးလော့ချန်အကြောင်းကို တစ်​နေရာရာတွင် ကြားခဲ့ဖူးပြီး စိတ်ထဲသိပ်မထားမိတာ ဖြစ်နိုင်သည်။

ဖန်သားပြင်ပေါ်တွင် ဗီလာနှင့် ကျိုးလော့ချန်အကြောင်း တင်ဆက်ပြီးနောက် စင်ပေါ်မှ ဧည့်သည်ရုပ်ရှင်မင်းသမီးတစ်ဦးသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ ထိုတာဝန်ကို သူမ,မရလိုက်တာ ကံကောင်းသွားသည်၊ မဟုတ်လျှင် ကျိန်းသေပေါက် Mission အောင်မည်မဟုတ်ပေ။ တခြားဧည့်သည်အနုပညာရှင်များလည်း သဘောတူဟန်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ပြီး ကျီယွင်ရှောင်ကို စာနာသနားစွာ လှည့်ကြည့်လိုက်ကြသည်။

“ယွင်ရှောင်.. အခု ဘယ်လိုခံစားရလဲ..? နည်းနည်းကြောက်နေလား..?”

အစီအစဉ်မှူးက ပြုံးလျက် ကျီယွင်ရှောင်ကို မေးလာသည်။ ကျီယွင်ရှောင်က တစ်ခဏတွေးကြည့်ပြီးနောက် ပြန်ဖြေပေးသည်။

“အဆင်ပြေပါတယ်..”

သူ၏အမူအရာက တကယ်ကို တည်ငြိမ်နေပြီး မျက်ဝန်းအိမ်ထဲတွင် အကြောက်တရားဟူ၍ တစ်စွန်းတစ်စပင်မရှိ။ အစီအစဉ်မှူးက ကျီယွင်ရှောင်ကို သတ္တိရှိကြောင်း ချီးမွန်းနေစဉ် ချန်ကျစ်ချူးကတော့ ပုံမှန်ပါပဲဟု တွေးနေမိသည်။ မည်သို့ဆိုစေ လက်တွေ့ဘဝတွင် ကြောက်စရာမရှိတော့ပေ။ သူတို့တကယ်ကြောက်ရသည်က ဂိမ်း၏ Instance များသာ။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now