16

4.2K 717 18
                                    

Unicode

အခန်း - ၁၆ : Reality (3)

Winter Branch..?

တကယ်ကြီး Winter Branch လား..?

Forum တစ်ခုလုံးက အသိအမှတ်ပြုထားတဲ့ ကြီးမြတ်တဲ့နတ်ဘုရားကြီး Winter Branch လား..?!

ချန်ကျစ်ချူးမှာ ရှော့ရသွားပြီး ပထမဆုံးလုပ်မိသည်က မျက်လုံးတစ်ခုခုဖြစ်သွားသလား၊ ထင်ယောင်ထင်မှား မြင်နေမိသလား စစ်ဆေးကြည့်ခြင်းပင်။

ဘယ်လိုပဲပြောပြော ဒဏ္ဍာရီလာ နတ်ဘုရားအဆင့် Player ကြီးက သူ့ရဲ့ပို့စ်မှာ Reply ပြန်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..?! ပြီးတော့ Winter Branch နောက်ဆုံးပို့စ်တင်ခဲ့တာ နှစ်နှစ်တောင် ရှိသွားပြီလေ။ Player တော်တော်များများဆို သူ သေသွားပြီလို့တောင် ထင်နေကြတာ။ ဒါပေမဲ့ နတ်ဘုရားကြီးက လူသစ်လေးတစ်ယောက်ရဲ့ ပို့စ်မှာ Reply ပြန်ချင်ရုံနဲ့ နှစ်နှစ်ကြာပြီးမှ တကျော့ပြန်ပေါ်လာသတဲ့.. ဘယ်လောက် တိုက်ဆိုင်လိုက်သလဲ..!

ချန်ကျစ်ချူးတစ်ယောက် မှားမြင်တာဖြစ်မှာပါဟု သူ့ကိုယ်သူ တရားချနေစဉ်မှာပင် သူ၏ဖုန်းက တရကြမ်း တုန်ခါလာတော့၏။ Forum ပေါ်တင်ထားသည့် သူ၏ပို့စ်တွင် Reply အသစ်များရှိနေကြောင်း Notification များ အဆက်မပြတ် တက်နေသည်မှာ ဖုန်းပင် ပေါက်ကွဲတော့မယောင်။

မ… မဖြစ်နိုင်တာ..?

ချန်ကျစ်ချူးခမျာ တစ်ခဏမျှ စကားမပြောနိုင်ဘဲ မှင်သက်သွားရသည်။ အသိစိတ်ပြန်ဝင်လာချိန် သူ၏နှုတ်မှ ပထမဆုံး ပြောလိုက်မိသည်ကား..

Fuck..!!!

ပြီးနောက် ဖုန်းကို ကမန်းကတန်း Restart ချကာ Forum ထဲ တတ်နိုင်သမျှ မြန်မြန်ဝင်ကြည့်လိုက်သည်။ ပို့စ်ပေါ်လာချိန်တွင် ချန်ကျစ်ချူး၏ မျက်လုံးထဲ၌ ‘???’ များသာ ကြီးစိုးနေပြီး ဒုတိယမြောက် Reply နေရာရှိ ID Name က လင်းလက်နေသယောင်..

*Winter Branch*

“အား…..!!!!!!”

“ဘုန်း..!”

စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိရင်း ချန်ကျစ်ချူးတစ်ယောက် ခုတင်ပေါ်မှ ပြုတ်ကျသွားတော့သည်။

ပြန်ကုန်းထရန် အာရုံမရသေး၊ ဇောက်ထိုးမိုးမျှော်ဖြစ်နေသော ကြက်သွန်မြိတ်လေးလို ကြမ်းပေါ်မှာသာ ဆက်လှဲနေလိုက်သည်။ သူ၏မျက်နှာကလည်း စိတ်လှုပ်ရှားမှုကြောင့် ရဲရဲနီနေပြီး လက်ဖဝါးများပင် ချွေးများဖြင့် ရွှဲနင့်နေတော့သည်။ ထိုနည်းတူ ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ Screen ပေါ်မှ ရိုးရိုးရှင်းရှင်း စကားစုလေးကို အသည်းအသန် စိုက်ကြည့်နေခဲ့လေသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now