-မြရဲ့သိခြင်း-
အလုပ်ကအပြန် နားထဲ သံစဉ်ချိုချိုလေးဝင်ရောက်လာသည်ကို သတိထားရင်း နားထောင်နေမိသည်။ ကြားေနရသောသံစဉ်သည် ခပ်ငြိမ့်ငြိမ့်နှင့် အဆိုတော် စိုးလွင်လွင်၏ အသံအေးအေးကြောင့် ပို၍နားထဲစွဲလာမိ၏။
'သူ ဘယ်မှာလဲကွယ်..'
သီချင်းသံ ပျံ့လွင့်ေနသည့် ညနေဘက် မှုန်ရီရီနေရောင်အောက်တွင် အတူတွဲသွားတွဲလာလုပ်ရင်း စကားပြောနေကြသည့် လူငယ်စုံတွဲများနှင့်အတူ ပန်းခြံနားပြေးလွှားကစားနေသည့် ကလေးငယ်များလည်းရှိပါသေးသည်။ ထို့အတူ ကိုင်းဆက်ဖြာနေသော ညို့မှိုင်းမှိုင်း စိန်ပန်းပင်ကြီးအောက်ရှိ ခုံတန်းလေးတွင်အံ့ဩရခြင်းများစွာနဲ့အတူ မြ၏ချစ်ရသူ မောင်ရှိနေပါသည်။
မောင်သည် ကျောင်းတက်နေတုံးဖြစ်သည်မို့ မြအားယခုလိုလာကြိုသည်မှာ ရှားပါသည်။ ဒီနေ့မှာတော့ မောင်ဟာ ကျောင်းလစ်လာခြင်းပင်ဖြစ်ပါလိမ့်မည်။
×××
မောင်ဟူသောအခေါ်အဝေါ်ကြောင့် အများစုဟာ မောင့်အား ယောင်္ကျားလေးတစ်ယောက်ဟုသာ ထင်မှတ်ကြသည်။ အမှန်တကယ်တွင် မြချစ်ရသောမောင်ဟာ မိန်းကလေးတစ်ဦးသာဖြစ်သည်။
"မမမြ အလုပ်ကပြန်လာတာနဲ့ ကွက်တိပဲ"
မောင်သည် ခုံတန်းလေးမှထလာရင်း လက်ထဲက စိန်ပန်းနီလေးအား မြ၏ဆံပင်ကြားထဲပန်ပေးပြီး မြ၏ခြင်းတောင်းလေး ကူဆွဲကာ အပြုံးပန်းဖြာသည်။
"မောင်စောင့်နေတာကြာပြီလား"
"မကြာသေးပါဘူးမြရဲ့ အချိန်တွေက မြအတွက်ဆို ကြာမှန်းတောင် မသိဘူး"
"ဟော စကားတတ်နေပါလား"
"အိမ်း စိန်ပန်းနီလေးကလည်း လှလိုက်တာများ မြပန်ထားလို့လားမသိပါဘူး တော်တော်တော့လှတယ်"
"ဟော မောင် ဒီလိုပြောနေတာ ဘာများလိုချင်လို့လဲ"
ဟုမောင့်အား မျက်ခုံးပင့်ကာမေးတော့ လူအလစ်မှာ မြ၏ပါးအား မွှေးကြူလေသည်။ ထို့ကြောင့် လေအဝေ့နှင့်အတူ မြ၏ပါးလေးမှာ ရဲတက်လာရတော့သည်။
YOU ARE READING
Mya
Romanceမသိခြင်းတွေဟာ သိခြင်းဖြစ်ပြီး သိခြင်းတရားကို မောင်က မရှာဖွေခဲ့ပါ။ မြသည်လည်း ထုတ်ပြတတ်သူမဟုတ်ခဲ့ရာ မောင်သည် မြအား ထိုနေ့တွင် ထုတ်ဖော်မေးလာမည်ဟု မြတစ်ယောက် မထင်ခဲ့ပါ။ -ရှောင် Photo credit to rightfully to Artist 🙇🏻♀️💜 Uni+Zawgyi (parts 30+6 extras...