Part (1)❣️ my girl ❣️

355 5 0
                                    


"ဟဲ့အမာရာမထသေးဘူးလားနေဖင်ထိုးတော့မယ်"

" နင့်အမေကငါ့ကိုယုံကြည်လို့အပ်ထားတာနော်... " ထတော့ဟစာကျက်တော့..."

အေးချစ်ခင်တစ်ယောက် စောင်ပုံထဲတွင်ကွေးနေသောသူမကို မရမကနိုးနေရသည်။ထိုအလုပ်သည် အေးချစ်ခင်အတွက်နေ့စဉ်အလုပ်လိုဖြစ်နေခဲ့သည်။

"ဟဲ့ အမာရာ ငါဒီလောက်ထိပြောနေတာတောင်မထသေးဘူးလား"
" မနက်ဖြန် စာမေးပွဲဖြေရ‌မှာနော်... တော်တော်စာတွေရနေပြီပေါ့"
" ထပါပြီအမတော်ရယ် .. ညကဖုန်းကြည့်တာနည်းနည်းများသွားလို့ပါနော်"
" အခုပဲမျက်နှာသစ်ထမင်းစားပြီး စာကြည့်ပါတော့မယ် ရှင့်"

အမာရာ အမဖြစ်သူကိုစနောက်ကာခြင်ထောင်ထဲကထွက်လာခဲ့သည်။ အမာရာ ဘ၀မှာ မိသားစုဆိုလို့ အမေရယ် အမအရင်းလိုချစ်ခင်ရတဲ့ အေးချင်ခင်ဆိုတဲ့အမသာရှိသည်။ ဖခင်မှာငယ်ရွယ်စဉ်ကတည်းကသေဆုံးသွားခဲ့သည်။

အမာ ရာသည်ကောလိပ်ကောင်းသူတစ်ယောက်ဖြစ်သည်။ရန်ကုန်လိုမြို့ကြီးတွင်တစ်ယောက်တည်းစိတ်မချ သဖြင့် မိခင်ဖြစ်သူက အမအရင်းလိုယုံကြည်စိတ်ချရသော အေးချစ်ခင် တို့မိသားစုနှင့်သာ ရန်ကုန်တွင်နေထိုင်ခွင့်ပြုခဲ့သည်။

အေးချစ်ခင်မှာလည်း မောင်နှမသားချင်းမရှိ၍ အမာရာလေးကိုသာ ညီမလေးတစ်ယောက်လိုချစ်ခင်ခဲ့သည်။

အမာရာအကြောင်းအနည်းငယ်ပြောရမည်ဆိုလျှင် ဘာမျှအားရစရာမရှိ ရည်မှန်းချက်မရှိသောကလေးမလေး တစ်ယောက်သာဖြစ်သည်။အမာရာသည် အသက်ကသာ 18 နှစ်ပြည့်သွားပြီ ဖြစ်သော်လည်း ကလေးစိတ်မကုန်သေးသောသူဖြစ်သည်။ ကောင်းသည့်အချက်လေးမှာ အခုထိ ရည်းစားထားသည့်အသံမကြားရသေးပေ။Phy ကျောင်းသူတစ်ယောက်ဖြစ်သောသူမသည် စာကိုမကြိုးစားပေ။ထို့ကြောင့် အေးချစ်ခင်သာ လိုက်လံ ထိန်းကျောင်းပေးနေရသည်။

" မမရေ မနက်စာကြီးက ကြက်ဥကြော်ကြီးလား " ...

" ဟဲ့ဒီကောင်မလေး ဂျီးများမနေနဲ့ ရှိတာနဲ့စားပါဦး"
" နင့်ကြီးကြီးမနက်က ငါတို့နှစ်ယောက်စားဖို့ဈေးသွား၀ယ်တာ ဆိုင်ကယ်တိုက်မိတော့မလိုဖြစ်သွားသေးတယ်"
" ဟယ် ဟုတ်လားမမ ... "
" ကြီးကြီးအခြေ‌အနေဘယ်လိုနေသေးလဲဟင် "
" ပွန်းပဲ့ရုံလောက်ပါပဲ"
" အဲဒါကြောင့်ကြက်ဥပဲရှိတယ်အိမ်မှာ...."
" ဒီနေ့တော့သည်းခံစားလိုက်ပါ အမာရာ ရယ်"
" ဟုတ်ကဲ့ပါမမရဲ့ အမာရာ ဒီလောက်တော့သိတတ်ပါတယ်"
အမာရာ တစ်ယောက်ထမင်းစားရင်းတွေးနေမိသည်။သူ့လိုသွေးမတော်သားမစပ်တစ်ယောက်ကို အိမ်ပေါ်တင်ကျွေးပြီးကျောင်းပါထားပေးထားသည့် ဒီမိသားစုလေးကို သူကျေးဇူးတင်မိသည်။သူတို့စိတ်ချမ်းသာအောင် သူနေမည်ဟုလည်းဆုံးဖြတ်ထားသည်။

********************
အခန်းထဲတွင်သူမတစ်ယောက်တည်း ဂယောက်ချောက်ချားလမ်းလျှောက်နေမိသည်။။အရာအားလုံးမှားယွင်းနေသလို ခံစားရသည်။တစ်မနက်မလုံးသူမခေါင်းထဲတွင် ဖိအားများခံစားနေရသည်။ထိုအချိန် အခန်းထဲကို လူတစ်ယောက်၀င်လာခဲ့သည်။ထိုသူသည် သူမကို‌ တွေ့သည်နှင့် ၀မ်းသာအားရဖြင့်

" ဂျူးရေဂျူး ငါ့မှာဟယ် နင့်ကိုရှာလိုက်ရတာ ဘယ်တွေရောက်နေတာလဲဟာ"
" ဒါရိုက်တာက အဆင်သင့်ဖြစ်ရင်စလို့ရပြီ တဲ့နော် ... အဲ့ဒါလာပြောတာ .."

မန်နေဂျာဖြစ်သည့်သူ့သူငယ်ချင်းပြောတဲ့ စကားများသည် သူမနားထဲမရောက်ခဲ့ပါ။
သူမစိတ်တွေ ဂယောင်ချောက်ချားဖြစ်နေခဲ့သည်။ဘာတွေကစမှားမှန်းသူမ မသိခဲ့ပါ။
" ဂျူးရေ ဂျူး နင်အဆင်ပြေရဲ့လား"
" နင့်ကြည့်ရတာမူမမှန် သလိုပဲ "
ဂျူး သူ့ကိုမေးနေသော သူငယ်ချင်းကိုကြည့်လိုက်သည်။သူမ အခြေအနေကိုဆက်မထိန်းနိုင်မှန်းသိနေသည်။ဒါကြောင့်သူမ သူငယ်ချင်း လမင်းကို ကြည့်လိုက်လေသည်။
" လမင်း ငါ.. ငါ လိုအပ်နေပြီ .. ငါတစ်ကယ် လိုအပ်နေပြီ"
ဂျူး၏ စကားကြောင့် လမင်းမျက်လုံးပြူးသွားခဲ့သည်။

" ဟင် နင်ထပ်ပြီးတော့ ဖြစ်နေပြန်ပြီလား"
သူငယ်ချင်းဖြစ်သူ၏ အမေးများကိုပြန်‌ဖြေဖို့ သူမမတတ်နိုင်တော့ ...
ဂျူးတစ်ယောက် ရေချိုးခန်းထဲ အပြေးသွားကာ သူမအိတ်ထဲမှ တစ်စုံတစ်ရာကို အသန်းအသန် ရှာနေမိသည်။နောက်ဆုံးအိတ်ကပ်ထောင့်လေးမှ ဆေးထိုးအပ် နှင့် ဆေးပြားအချို့ထွက်လာခဲ့သည်။သူမ ဆေးထိုးအပ်ဖြင့် သူမလက်ကိုထိုးသွင်းလိုက်ပြီးငြိမ်သက် နေခဲ့သည်။
လမင်းလည်းအနားကပ်လာကာ
" နင်အဆင်ပြေသွားပြီ မဟုတ်လားဂျူး"
" ဒါရိုက်တာကို နင်ဒီနေ့နေမကောင်းဘူးလို့ပြောလိုက်မယ်.. နားလိုက်တော့နော်"
လမင်း ဂျူးကိုထားပြီးထွက်သွားသည့် အချိန်ထိ ဂျူး ဘာမှပြန်မပြောနိုင်ခဲ့ အောင်မြင်မှုက သူမအားစားသံုးချင်းကိုခံနေရသည်။ သူမကို ကူညီမည့်သူဒီလောကမှာမရှိတော့ဘူးဟုခံယူထားခဲ့သည်။


အခုမှစရေးတာဖြစ်သည့်အတွက် အမှားပါရင် သည်းခံပေးကြပါ။လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါသည်။☺️☺️

❣️my girl ❣️Where stories live. Discover now