"ဝါးအိပ်လို့ကောင်းလိုက်တာ......."ဂျူးသည် အိပ်ယာနှိုးပြီးတန်းမထသေးဘဲ အိပ်ယာပေါ်တွင်အပျင်းကြောဆန့်လိုက်သည်။
နာရီကိုကြည့်လိုက်တော့ 6နာရီကျော်.....
ဂျူးသည် အိပ်ယာပေါ်မှလူးလဲထလိုက်ပြီး
" ဟင် ..... 6နာရီတောင်ကျော်နေပြီ....ကောင်မလေးလည်းမလာသေးပါလား.....ခါတိုင်းဒီချိန်ဆိုငါ့အတွက်ပြင်ဆင်ပေးနေပြီ....ဘာဖြစ်လို့မလာသေးတာလဲ....အဆင်များပြေရဲ့လားမသိဘူး...."
ဂျူးသည် အမာရာ့အားဖုန်းခေါ်လိုက်လေသည်။
"Hello ကောင်မလေးဘာဖြစ်လို့အလုပ်မလာသေးတာလဲ...."
" အမာရာမဟုတ်ပါဘူး..... သူ့အမအေးချစ်ခင်ပါ...."
" အော်... ဟုတ်ကဲ့အမ..... ကောင်မလေး.... ဟို.... အမာရာအလုပ်မလာသေးလို့ဖုန်းဆက်လိုက်တာပါ...."
" အမာရာဒီနေ့လာနိုင်မှာမဟုတ်ဘူး.... သူဖျားနေတယ်..."
" ဟင်... အမာရာဖျားနေတယ်... ဟုတ်လား...သူအဆင်ကောပြေ....."
"တီ...."
ဂျူးစကားမဆုံးမှီတစ်ဖက်မှဖုန်းချသွားခဲ့သည်။
" ဟာ... ဖုန်းချသွားပြီ.... ကောင်မလေးအဆင်ရောပြေပါ့မလား..... သူ့အိမ်လိုက်သွားချင်လိုက်တာ...ဟာမဖြစ်သေးဘူး...ဒီနေ့ကုမဏီမှာအစည်းအဝေးရှိတယ်....ညနေကြမှသွားတော့မယ်..."
"ကောင်မလေးကိုလွှမ်းလိုက်တာ...."
*************************
ဂျူးတစ်ယောက်တည်းကုမဏီလာ၍ အမြဲသူများအကြောင်းအတင်းပြောနေသော၀န်ထမ်းအချို့၏တီးတိုးသံများထွက်လာခဲ့သည်။
" ဟဲ့.... ဟိုအကူမကိုမတွေ့ဘူးနော်....ထပ်ပြီးပြုတ်သွားပြန်ပြီလားမသိ....ကြည့်ပါလား....လမင်းလိုပဲ... ထပ်ပြီးစွန့်ပစ်သွားပြီးလားမှမသိတာ....ဟားဟား...."
ဂျူးသည်တီးတိုးပြောသံများကိုဂရုမစိုက်ဘဲ ရုံးခန်းထဲသို့၀င်သွားလေသည်။
ရုံးခန်းထဲတွင် အဆင်သင့်စောင့်နေသောသံသာတို့မောင်နှမနှစ်ယောက်....

YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."