အမာရာ မနေ့က စာမေးပွဲရှိလို့ အစောကြီးကျောင်းသွားတယ်ဆို "မိသားစုထမင်းစားပွဲတွင် အမာရာကိုမေးလိုက်ခြင်းဖြစ်သည်။
" ဟုတ်မမ စာမေးပွဲရှိတယ်ဆိုပြီး အစောကြီးသွားမိတာ ... ဟိုရောက်တော့ရက်မှားပြောတာတဲ့"
"အဲ့တာကြောင့် မမလဲ ချစ်မင်းသူဆီက စာမေးပွဲရှိတယ်လို့သတင်းမကြားမိပါဘူးလို့"
" ဟုတ် သူလဲ စာမေးပွဲနေ့သေချာမသိဘူးလေ"
" ဘာလို့ဒီနေ့စောစောထစာမကျက်တာလဲ"
"ဒီနေ့အင်တာဗျူးက နောက်ကြမှာလေ"
" ဘာပြောလိုက်တာလဲ အမာရာ"
" အဟွတ် အဟွတ်!! အမာရာ သူမ စကားမှားပြောမိမှန်းသိလိုက်၍ ရေသီးသွားလေသည်။
" အော်ဟို ဒီနေ့ကျောင်းစောစောသွားဖို့မလို ဘူးလို့ပြောတာ"
" ဟို ချစ်မင်းလဲ လာကြိုတော့မယ်ထင်တယ် အမာရာ သွားတော့မယ်နော်မမ""အေးလမ်းကို ကြည့်သွားဦး ရှပ်ပြာရှပ်ပြာနဲ့"
" ဟုတ်မမ"
အမာရာအိမ်နှင့်အဝေးရောက်သွားမှ သက်ပြင်းချနိုင်တော့သည်။
" ဟူးတော်သေးတယ် မိတော့မလို့"
အမာရာဒီနေ့ချစ်မင်းသူကိုခေါ်မထားပေ။အလုပ်ရခါမှ ကြွားမည်ဟု အမာရာ အားခဲထားလေသည်။*******************
အမာရာ ညီမလေး အမက မလာတော့ဘူးတောင်ထင်နေတာ"
" ဘယ်ကသာ မလာရမှာလဲ မမရဲ့ ကိုယ့်ဘ၀အတွက် အရေးကြီးတဲ့အလုပ်ကို" အမာရာ ပြုံးရင်းပြောလိုက်သည်။
" လာညီမလေး အင်တာဗျူးက အပေါ်ဆုံးထပ်က ရုံးခန်းထဲမှာ နော်ညီမ"
" ဟင် အမလဲမလိုက်ဘူးလား"
" အမက အလုပ်ရှိသေးတယ် ညီမလေးရဲ့ အမသွားနှင့်ပြီနော်"
ထိုအတွင်းရေးမှူးသည် အမာရာအားတစ်ယောက်တည်းထားခဲ့သဖြင့် အမာရာ တစ်ယောက်တည်း ယောင်လည်လည်ဖြင့်
ဓာတ်လှေကားဖြင့် အပေါ်ထပ်သို့တက်လာခဲ့လေသည်။အမာရာ ရုံးခန်းအခန်းရှေ့သို့ရောက်သောအခါ ထူးခြားမှုတစ်ခုကိုတွေ့လိုက်ရပေသည်။ထိုအချက်မှာ အင်တာဗျူးဖြေသူသည် သူမမှတစ်ပါးအခြားတစ်ယောက်မှ မတွေ့သောကြောင့်ဖြစ်သည်။
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."