" မမ ဘယ်လိုလုပ်လိုက်တာလဲ....မမကြောင့် မမလေးဂျူးက အမာရာ့ကိုအထင်လွဲသွားပြီ.... အခုအမာရာကသူ့ပိုက်ဆံတွေကိုလိုချင်လို့ ချစ်ဟန်ဆောင်တဲ့သူလိုဖြစ်သွားပြီ...."" အဲ့တော့ဘာဖြစ်လဲ.... နင်တို့ချစ်ခြင်းကိုခွဲဖို့ဆိုငါဘာပဲဖြစ်ဖြစ်လုပ်မှာလဲ...."
အမာရာသည် လက်ပိုက်လိုက်ပြီး
" ဘာပဲဖြစ်ဖြစ် အမပေးစားတဲ့သူနဲ့တော့ အမာရာဘယ်တော့မှယူမှာမဟုတ်ဘူး...."
"သေချာလို့လားအမာရာ.... နင့်အမေကိုငါရန်ကုန်ကိုခေါ်ထားတယ်...."
အမာရာ လန့်သွားပြီး
" ဟင်...အမေ့ကိုပါခေါ်ထားတာလား...."
"ဒါပေါ့ကိုယ့်သမီး မဂ်လာဆောင်ကို အမေဖြစ်သူကလာရမှာပေါ့.... နင့်အမေရှေ့မှာပြောလေ....သမီးက ယောကျာ်းမယူချင်ဘူး...မိန်းမပဲယူမယ်လို့.......နင့်အမေရင်ကျိုးရေအာင်....ဟားဟားဟား.."
အမာရာသည် အေးချစ်ခင်အား အံဩသည့်အကြည့်ဖြင့်
" အမလုပ်ရက်တယ်နော်.... အမကအမာရာ့ကို အမေနဲ့အကြပ်ကိုင်တယ်ပေါ့.....လုပ်ပါ.... အမတို့စိတ်ကြိုက်တာလုပ်.... အမာရာလဲကိုယ့်စိတ်ကြိုက်လုပ်မယ်...."
အမာရာသည် အိမ်ပြင်သို့ထွက်သွားလေသည်။
ဒေါ်အေးမြကြည်သည် အိမ်ပြင်သို့ထွက်သွားသော အမာရာကိုကြည့်လိုက်ရင်း
" သမီး... အေးချစ်ခင်.... အမာရာလေးစိတ်ကောက်ပြီးအပြင်ထွက်သွားပြီ.... အိမ်ပြင်မှာမှောင်နေပြီသမီးရဲ့.... "
" ထားလိုက်စမ်းပါအမေရာ.... သူဘယ်သွားစရာရှိလို့.... ပြန်လာလိမ့်မယ်ထားလိုက်..."
အေးချစ်ခင်၏ခန့်မှန်းချက်မှာ မှားနေခဲ့သည်။ အမာရာပြန်လာမှာမဟုတ်တော့.....
*******************
မှောင်မဲနေသောအခန်းငယ်လေး..... ဘေးပတ်လည်တွင်လည်း အရက်ပုလင်းပေါင်းများစွာ...
ဂျူးသည် သတိကင်းမဲ့စွာကြမ်းပြင်ပေါ်တွင်မူးပြီးအိပ်နေခဲ့သည်။
"တီ!!...တီ..!!!.."
ဖုန်းမြည်သံကြား၍ ဂျူးသည် မထချင်ဘဲခေါင်းထောင်ကြည့်လိုက်သည်။
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."