" ဒေါက်!!ဒေါက်!!ဒေါက်....""ဟော်တယ်လျှောက်လမ်းတောက်လျောက်တွင် ဒေါက်ဖိနပ် အနီရောင်၏ မြည်သံသည် ပဲ့တင်သံထွက်လာခဲ့သည်။
အခန်းနံပါတ်(333)....အခန်းတံခါးခေါက်မနေတော့ဘဲ ၀င်လာခဲ့လိုက်လေသည်။
အခန်းထဲတွင် အသင့်စောင့်နေသော
လမင်း...." ဂျူး... လာပြီလား....ငါကနင့်ကိုစောင့်နေတာ....ဒီအခန်းလေးကိုမှတ်မိသေးလား....ငါတို့နှစ်ယောက်သီးသန့်ချိန်းတွေ့တဲ့နေရာလေးလေ...."
" မှတ်မိတာပေါ့....အခန်းနံပါတ်(333)....လက်အတိတ်ဆုံးနံပါတ်....အဲ့တာကြောင့် နင်နဲ့ငါတွေ့ဆုံခြင်းကလည်းလက်တိတ်နေတာ...."
လမင်းသည် ဂျူးအားနှုတ်ခေါင်းရူံ့လိုက်ပြီး
"အေးပါဟယ်...နင်ကနင်မလိုတော့အခုလိုပြောပြီပေါ့.....ကဲငါလိုချင်တဲ့ပိုက်ဆံပါလား...."
ဂျူးသည် လက်ကိုင်အိတ်ထဲမှ ချတ်လက်မှတ်အား လမင်းကိုပေးလိုက်လေသည်။
လမင်းသည် လတ်မှတ်ယူရန်လက်ကမ်းလိုက်သောအခါ ဂျူးသည် လက်ကိုပြန်ရုတ်လိုက်လေသည်။
" နင်ဒါဘာလုပ်တာလဲ.... နင်ပဲငါ့ကိုသိန်းတစ်ထောင်ပေးမယ်လို့ပြောထားတယ်လေ...."
" နင်ငါ့ကို video ကလစ်မှမပေးသေးတာ...."
" အော်ဟုတ်ပါပြီ အချစ်ကလေးရယ်..."
"ရော့ ...ဒီမှာ video ကလစ်....."
ဂျူးသည် ချတ်မှတ်စာရွက်ကိုပေးလိုက်ပြီး လမင်းပေးသော video ကလစ်ကိုယူထားလိုက်လေသည်။
" ဟားဟားဟား....."
လမင်းသည် လက်ထဲချတ်လက်မှတ်ရောက်သွားသည်နှင့် အားရပါးရရယ်လိုက်သည်။
ဂျူးသည်မျက်မှောင်ကျုံ့လိုက်ပြီး
" ဘာရီစရာပါလို့...."
" ဟားဟား နင့်ကိုငါက ဉာဏ်ကောင်းတယ်မှတ်တာ ...... တကယ်တော့နင်ကအမှတ်မရှိတဲ့သူပဲ...."
" နင်ဘာကိုပြောချင်တာလဲ လမင်း...."
" ဂျူးရယ် ငါကအဲ့ video ကိုနင့်ကိုပေးမယ်လို့ထင်နေတာလား...."
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."