part (4)❣️my girl ❣️

106 5 0
                                    

ဆေးရုံကုတင်ပေါ်တွင် ဂျူးဆိုသောမိန်းကလေးသည် ငြိမ်သက်စွာလဲလျှောင်းနေခဲ့သည်။သူမ၏ဘေးပတ်လည်တွင်သက်ဆိုင်ရာဆွေမျိုးသားချင်းများရောက်ရှိနေသည်။သူမ မျက်လုံးဖြည်းဖြည်းချင်းပွင့်လာခဲ့သည်။အလင်းရောင်စူးနေ၍ဘေး
ပတ်၀န်းကျင်ကိုသေချာမမြင်နိုင်ပေ။သူမနတ်ပြည်များရောက်နေပြီလားဟုထင်မှတ်
နေခဲ့သည်။ထိုစဉ်

"သမီးလေး ...သမီးလေးဂျူးသတိရလာပြီလားသမီးလေး...မေမေဘယ်လောက်စိုးရိမ်နေတယ်ဆိုတာသိရဲ့လားသမီးလေးရယ်...

သူမထိုအသံစကြားလိုက်ပြီဆိုကတည်း
ကငရဲပြည်မှာပဲရှိနေဆဲဆိုတာသိလိုက်ရသည်။

ဒေါ်မေသက်ထားတစ်ယောက် အဖိုးတန်ချစ်သမီးလေး၏ လက်ကလေးကိုကိုင်ကာ...

" သမီးရယ်အမေကစိတ်ပူလိုက်ရတာ..ဘာလို့မကြံကောင်းမဆီရာလုပ်ရတာလဲသမီးရယ်"

" မာမီဘယ်လောက်တောင်စိတ်ပူရသလဲဆိုတာသိရဲ့လားသမီးရယ်"...သမီးဘာဖြစ်လို့ဒီလို့လုပ်ရတာလဲသမီးရယ်"

ဂျူးလှဲနေရာမှ ထ၍ထိုင်လိုက်သည်။ထို့နောက်သူမ၏မိခင်ဖြစ်သူဒေါ်သက်ထားခင်ကို့စေ့စေ့ကြည့်၍ ....

"လွတ်မြောက်ချင်လို့လေ"ဟုသာတစ်ခွန်းတည်းပြန်ပြောခဲ့သည်။

သမီးဖြစ်သူထံမှ ထိုစကားကြားရပြီးနောက် ဒေါ်သက်ထားခင်တစ်ယောက် လွန်စွာဒေါသထွက်သွားခဲ့သည်။

" ဘာ နင်ကလွတ်မှချင်လို့ဟုတ်လားဂျူး"
"နင်ကများလွတ်မြောက်ချင်တယ်ဆိုရအောင် ငါကများနင့်ကို ဘာများမကောင်းတာလုပ်နေလို့လဲ ဂျူး"

"ငါ့မှာလေ သားသမီးဆိုလို့နင်တစ်ယောက်တည်းရှိတယ်များမှတ်နေလား"
" ငါ့မှာနင့် အပြင် နင့်အကို အမတွေလည်းရှိတယ်ဟ "

"နင့်အကိုအမတွေကို ကျောင်းပြီးအောင်တောင်မထားလိုက်ရဘူးနင့်အတွက်ကုန်ရတာနဲ့"

"နင့်ကအနုပညာကနေ ပိုက်ဆံလေးရလာလို့ဂုဏ်တတ်နေလား...."

"နင့်အနုပညာကနေရလာတဲ့ပိုက်ဆံလေးနဲ့ မိဘကို နည်းနည်းလောက်ထောက်ပံ့နိုင်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေလား မဂျူး၀တီသော် "

❣️my girl ❣️Where stories live. Discover now