Part (17) ❣️ my girl ❣️

95 2 0
                                    


အမာရာသည် မနေ့ကနှင့်မတူဘဲ အိမ်သို့ရွှင်လန်းတတ်ကြွစွာပြန်လာခဲ့သည်။

အမာရာ၏ ထူးခြားနေသောပုံစံကို သတိထားမိနေသော အေးချစ်ခင်လဲ
မမေးဘဲ မနေနိုင်တော့ပေ။

" အမယ့် ငါ့ညီမလေးက ဒီနေ့ထူးထူးခြားခြား ပြုံးရွှင်ပြီးပြန်လာလို့ပါလား... ဘာတွေများပျော်စရာရှိလာလို့လဲ"

အမာရာသည် အေးချစ်ခင်ကိုကြည့်ကာပြုံးလိုက်ပြီး

" ဘာမှတော့ထွေထွေထူးထူးမရှိပါဘူး
မမရဲ့ ...ဒီနေ့အလုပ်လုပ်ရတာအဆင်ပြေနေလို့ပါ"

ထိုစဉ် နောက်ဖေးတွင်ဟင်းချက်နေသော အဒေါ်ဖြစ်သူအေးမြကြည်လဲ အိမ်ရှေ့သိုထွက်လာကာ

" အင်း ငါ့သမီးလေးလဲပျော်‌ေနတယ်ဆိုတော့ ကြီးကြီးရဲပျော်စရာတစ်ခုလက်ဆင့်ကမ်းရဦးမယ်"

" ဘာများလဲကြီးကြီးရဲ့"

" ဒီနေ့ကြီးကြီးတို့ဆိုင်ကိုဖောက်သည် အသစ်တွေလာသွားတယ်သမီးရဲ့... သူတို့ကဒီနေ့တင် ပွဲနှစ်ဆယ်ဖိုးလောက်ပါဆယ်ထုတ်သွားကြတာ....နောက်လဲ လာမှာမယ်ပြောတယ် သမီးရဲ့ ကြီးကြီးအရမ်းပျော်တာပဲ"

အမာရာ သည် သူမအဒေါ်ကိုပြုံးပြလိုက်သော်လဲ စိတ်ထဲတွင် အမှန်တစ်ကယ်မပျော်နိုင်ခဲ့ပါ။အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင် ဆိုင်ကိုလမ်းညွှန်ခဲ့ခြင်းကြောင့်ဖြစ်သည်။သူမကိုယ်သူမမရိုးသားမလိုခံစားရသည်။
" မရောင်းနဲ့တော့"ဟုတားချင်သော်လည်း မိသားစုစား၀တ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနိုင်သည်မို့ မတားရက်ခဲ့‌ပေ။

*********************

"ချလွမ်"

ဖန်ခွက်ကျကွဲသံဖြစ်သည်။အခန်းထဲတွင်
လူနှစ်ယောက် မကြိတ်နိုင်မခဲနိုင်ဖြစ်ကာဒေါသထွက်နေကြသည်။ထိုသူတို့မှာ တစ်ခြားသူများမဟုတ်.. သံသာချိုနှင့် ကျော်စွာတို့မောင်နှမနှစ်ယောက်ပင်ဖြစ်သည်။
သူတို့သည်ဂျူးဒေါသထွက်နေခြင်းဖြစ်သည်။
ကျော်စွာသည် ဒေါသထွက်စွာ ဖန်ခွက်အချို့ကို ခွဲနေရင်း

" မမ... ကျွန်တော်သူ့ကို လုံး၀မကျေနပ်ဘူး.... သူက သူ့ပိုက်ဆံနဲ့ကျွန်‌ေတာ်တို့ကက သုံးနေတယ်ဆိုပြီးတော့ မာန်တတ်နေတာ"

❣️my girl ❣️Where stories live. Discover now