" အမာရာရေ အမာရာ ညီမလေးရေဒီကိုခဏလာခဲ့ပါဦး"
အေးချစ်ခင် အ၀တ်ထုတ်တွေနှင့်အလုပ်ရူပ်နေ၍ညီမဖြစ်သူ အမာရာကိုခေါ်လိုက်ခြင်းဖြစ်သည်။
အမာရာသည် အေးချစ်ခင်အနားအပြေးအလွားရောက်လာကာ
" ပြောမမ ဘာခိုင်း၏စရာရှိလို့လဲဟင်"
" အင်းခိုင်းစရာလေးရှိလို့ ဟိုမမကဒီအ၀တ်ထုတ်တွေကို သူ့အိတ်နဲ့သူခွဲထားရမှာလေအဲ့တာ အိတ်မလောက်တော့လို့ အမာရာ ဆေးရုံနားကဆိုင်တွေမှာ ကြွပ်ကြွပ်အိတ်ကြီးကြီးလေးသွား၀ယ်ပေးနိုင်မလားဟင်"
"ဟုတ်ရတယ်လေ အမာရာသွား၀ယ်ပေးမယ် အမတစ်ခါတည်းတစ်ခြားဟာဘာမှာဦးမလဲ မမ မှာလိုက်လေ"
" တစ်ခြားမှာစရာတော့မရှိသေးဘူး လောလောဆယ်ကြွပ်ကြွပ်အိတ်ပဲလိုတယ်
အမာရာ သွား၀ယ်ပေးဦး"" ဟုတ်မမ ဒါဆို အမာရာအခု အ၀တ်လဲလိုက်ဦးမယ်မမ"
"အော် ဆိုင်ကသိပ်မဝေးပါဘူး ဆေးရုံဘေးနားမှာပဲကို ဘာလို့အ၀တ်ထပ်လဲနေရတာလဲအမာရာ ရယ်"
"အော်မမကလဲ ဈေးသွား၀ယ်တယ်ဆိုပေမဲ့ ကိုယ့်အိမ်မှမဟုတ်တာ လူအများနဲ့ကို
လှလှပပနေရမှာပေါ့ မမကလဲ"ဆယ်ကျော်သက်အရွယ်ညီမဖြစ်သူ ၏အလှအပကြိုက်သည့်စိတ်ကိုနားလည်သော အေးချစ်ခင်သည် တားနေလဲမရမှန်းသိ၍ စိတ်လျော့လိုက်ပေသည်။
" အေးပါ မြန်မြန်သွားမြန်မြန်ပြန်လာခဲ့ နော်"
" ဟုတ်မမ"
အေးချစ်ခင် ရေချိုးခန်းထဲမှ ထွက်လာသော ညီမဖြစ်သူ အမာရာကို ကြည့်လိုက်လေသည်။
အဖြူရောင်ပိုးသားဂါ၀န်လေးကို ၀တ်ဆင်ထားသည်။ မျက်နှာကို မိတ်ကပ်ပါးပါးလေးလိမ်းထားကာ နှုတ်ခမ်းသားလေးကို ပန်းရောင် နှုတ်ခမ်းနီ လေးဆိုးထားလေသည်။ညီမဖြစ်သူ ပြင်ဆင်ထားသည်ကို ကြည့်၍ အေးချစ်ခင် ပြုံးမိသည်။အလှအပတယ်မက်တဲ့ ညီမဖြစ်သူပါလားဟူ၍သာတွေးလိုက်မိတော့သည်။
*******************
အမာရာ သူမ၀တ်ထားသည့်ဂါ၀န်ဖြူဖြူလေးကို အလွန်နှစ်သတ်နေမိသည်။ဂါ၀န်လေးကို တမင်တကာဝဲနေအောင် လမ်းလျောက်နေမိသည်။ဆိုင်မှာ ဆေးရုံအောက်တွင်ဖြစ်သော်လဲ ဆေးရုံသည် ပုဂလိက(မှတ်ချက်ယူနီကုတ်ကြောင့်အမှားပါသည်။😔)ပိုင်ဖြစ်၍ အလွန်ကြီးမား၍
အထပ်များသည်။ထို့ကြောင့် ဓာတ်လှေကားကိုသာ အသုံးပြုကြလေသည်။
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."