မနက်ပိုင်းစောစော မထတတ်သည့် အမာရာသည် ဒီနေ့မှ အစောကြီးထဖြစ်နေသည်။ ငါးနာရီဖြစ်၍ ပတ်၀န်းကျင်မှာ အနည်းငယ်တိတ်ဆိတ်နေလေသည်။
အမာရာ ရေချိုးရန် ရေချိုးခန်းထဲသို့ အသွား သူမ၏ အန်တီဖြစ်သူ ဒေါ်အေးမြကြည်နှင့် ထိပ်တိုက်တွေ့လေသည်။အဒေါ်ဖြစ်သူ အေးမြကြည်လဲ အမာရာ မထစဖူး
အစောကြီး ထနေသည်မို့ အံ့ဩနေခဲ့သည်။" အမာရာ ဘာဖြစ်လို့ အစောကြီးတွေ ထနေတာလဲ "
" အော် ဟို ဒီနေ့ အမာရာ တို့ကျောင်းမှာ အစမ်းစာမေးပွဲရှိလို့လေ.. အဲ့တာစောစောထပြီး ကျောင်းမှာစာကျက်မလို့ပါ"
"အော်ဟုတ်လား .. ကြီးကြီးက အမာရာ ထူးထူးဆန်းဆန်းအစောကြီးထနေလို့မေးကြည့်တာပါ သမီးရယ်"
" အဲ့လိုစာကြိုးစားတာ ကောင်းတယ်သမီး ဆက်ကြိုးစားသမီး"" ဟုတ် ကြီးကြီးကကော ဘာလို့အစောကြီးတွေထနေတာလဲ"
အမရာ၏ အမေးစကားကြောင့် ဒေါ်အေးမြကြည်လဲ မရီဘဲမနေနိုင်တော့ချေ။
" အမာရာ ရယ် ငါကနေ့တိုင်းဆိုင်ဖွင့်ဖို့ နေ့တိုင်းစောစောထပြီးပြင်ဆင်နေတာ နှစ်
ချီနေပြီ ... သမီးက ဒီနေ့မှ မထစဖူးစောစောထပြီး ကြီးကြီးစောစောထတာကို
အထူးအဆန်းတွေလုပ်နေတာ"" အဲ့တာဆို ကြီးကြီးကနေ့တိုင်း အမာရာ တို့အိပ်နေတဲ့ အချိန်ထပြီးဆိုင်အတွက်ပြင်ဆင်နေရတာပေါ့"
" ဟုတ်တာပေါ့ သမီးရဲ့..ကဲသမီးလဲရေချိုးဖို့လုပ်နေတာမလား"
" ဟုတ်ကြီးကြီးအဲ့တာဆိုသမီး ရေသွားချိုးတော့မယ်နော်"
အမာရာ ရေချိုးခန်းထဲ ၀င်၀င်ချင်း
တံခါးပိတ်လိုက်ကာ သက်ပြင်းချမိတော့သည်။အမာရာ သည် ကျောင်းသွားမည်ဟု အကြောင်းပြကာ အလုပ်သွားလျောက်မည့် သူမသည် အိမ်သားများအပေါ်လိမ်ညာမိ၍ သူမကိုယ်သူမ စိတ်ပျက်မိသည်။******************
မနက်ခင်းနေရောင်ခြည်၏ နွေးထွေးမှုများသည် ဂျူး၏အခန်းထဲသို့ တိုး၀င်လာခဲ့သည်။ အနီရောင်မွေ့ယာပေါ်တွင် အိပ်မောကျနေသောသူမ ၊အနီရောင်ည၀တ်အကျီလေးနှင့်လှနေသောသူမ၊မျက်နှာပေါ်တွင် မည်သည့်မိတ်ကပ် မှမပါဘဲ ပန်းနုရောင်သန်းနေသော ပါးလေးနှင့် သေးသေးသွယ်သွယ် ကိုယ်လေးနှင့်သူမသည် ကလေးတစ်ယောက်လို အပြစ်ကင်းစင်လှသည်။

YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."