" ဘာငါ့ညီမ ဂျူးက အဲ့အမာရာဆိုတဲ့အကူမလေးနဲ့ရုံးခန်းထဲမှာနမ်းနေကြတယ်......ဟုတ်မှလည်းလုပ်ပါ...."" ဟာ မမလေးသံသာကလဲ မိချစ်မျက်စိနဲ့တပ်အပ်မြင်လိုက်တာပါဆို..... အခန်းထဲမှာ လူမရှိဘူးဆိုပြီး အနမ်းခြင်းဖလှယ်နေလိုက်တာမှ ...."
" ငါ့ညီမ ဂျူး အဲ့လိုစိတ်တွေရှိတာ ငါမသိရပါလား..... အနေဝေးလို့များလား...."
" မိချစ်အဲ့တာဘာဆက်လုပ်ပေးရမလဲရှင့်...."
" နင်သက်သေရှာရမယ်.... သူတို့နမ်းနေတဲ့ပုံဖြစ်ဖြစ်... videoပဲဖြစ်ဖြစ် တစ်ခုခုပေါ့ရှာပေးရမယ်.... ဒါမှ ငါ့အကြံအစည်ကို အကောင်အထည်ဖော်နိုင်မှာ....."
" ဟုတ်မမလေး...."
" ပြီးတော့ နင်ပြောတော့သူတို့နှစ်ယောက်က အရင်တုန်းကမတည့်ကြဘူးဆို ...."
" ဟုတ်မမလေး... သူတို့နှစ်ယောက်က အရင်တုန်းက ထသတ်တော့မယ့်အတိုင်းပါပဲ...."
" အဲ့တာဆိုရင်...."
သံသာသည် မေးစိကိုလက်ထောက်၍ စဉ်းစားလိုက်ပြီး
" ငါ့ကို အဲ့အမာရာဆိုတဲ့ကောင်မလေး ဘယ်လိုလုပ်ဂျူးအလုပ်သမားဖြစ်သွားလဲဆိုတာစုံစမ်းပေး...."
" ဟုတ်မမလေး.... ဟို မိချစ်အတွက်ဘောက်ဆူး....."
သံသာသည် သောက်လက်စရေသန့်ဘူးဖြင့် မိချစ်ခေါင်းကိုပစ်ပေါက်လိုက်လေသည်။
" နင့်အလုပ်က မပြီးသေးဘူးလေ.... ဘာတွေလောဘတတ်နေတာလဲ..."
မိချစ်သည် နာသွားသောခေါင်းကိုဖိကိုင်ရင်း
" ဟုတ်မမလေး မိချစ်တောင်းပန်ပါတယ်...."
မိချစ်အခန်းထဲမှ ထွက်သွားသည်နှင့်သံသာသည် တစ်ယောက်တည်းပြုံးလိုက်ပြီး
" ဟင်း .... ဂျူးရေနင့်ဘ၀ထဲကိုငါမုန်တိုင်းခေါ်လာတော့မယ်နော်....ဟားဟားဟား...."
**********************
" အမာရာရေ ညီမလေးရေ... အခန်းထဲမှာ အလှပြင်လို့မပြီးသေးဘူးလား... အောက်မှာ ချစ်မင်းသူတို့မိသားစုတွေစောင့်နေကြပြီ....."
အေးချစ်သည် အခန်းထဲမှ ညီမဖြစ်သူ၏ ပြန်ပြောသံကိုမကြား၍ အခန်းထဲတွင်လာခဲ့လေသည်။
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."