ကုမဏီရှေ့တွင် အနီရောင်ကားတစ်စီးအရှိန်ပြင်းစွာဘရိတ်နင်းရင်းရပ်လိုက်သည်။အနီရောင်ဂါ၀န်၀တ်ဆင်ထားပြီး အလျင်လိုနေသော သူမ.....
" သူတို့ဘယ်မှာလဲ....."
" ရုံးခန်းထဲမှာပါ မမလေး...."
ရုံးခန်းထဲတွင် ငိုမဲ့မဲ့မျက်နှာနှင့် စောင့်နေသောသံသာတို့မောင်နှမ...... သူမကိုမြင်သည်နှင့်သံသာသည်အားရ၀မ်းသာအားရပြေးဖက်လိုက်ကာ
" ညီမလေးဂျူး.... ဘာလို့ဖုန်းဆက်တာမကိုင်ရတာလဲ.... မမကညီမလေးကိုေမျှာ်နေတာ...."
ဂျူးသည် သူမကိုယ်အားဖက်ထားသော သံသာ၏လက်ကိုဆွဲဖယ်လိုက်ပြီး
" ဘယ်လိုဖြစ်ကုန်တာလဲ.... ဂျူးကုမဏီကိုလွဲပေးလိုက်တာ သုံးရက်ပဲရှိသေးတယ်လေ....ကုမဏီပျက်ရအောင်ထိ ဘာတွေလုပ်ပစ်လိုက်တာလဲ...."
သံသာသည် ဂျူးအားမဝံမရဲပုံစံဖြင့်ကြည့်လိုက်ပြီး
" ဟို... ဟိုလေ.... ဂျူးအမတို့ကို ကုမဏီမပေးမှီတစ်ပတ်အလိုမှာ အမတို့ ပွဲစားတစ်ယောက်နဲ့ခင်ခဲ့တယ်...."
" ဘာပွဲစားလဲ...."
" မြေပွဲစားပါ.... သူကအမတို့ကို မြေကစားခိုင်းတယ်..... အကျိုးအမြတ်ရမှာလို့ပြောတယ်..... ကစားဖို့ ပိုက်ဆံတော်တော်များများထည့်ရမှာတဲ့....အဲ့တော့အမတို့လည်းလောဘတတ်ပြီး ကုမဏီကပိုက်ဆံတွေကိုခဏလှည့်သုံးလိုက်တာပါ....."
" ဘာ!!... ကုမဏီပိုက်ဆံတွေကိုယူသုံးတယ်ဟုတ်လား.... ကုမဏီအတွက်ပိုက်ဆံမရှိရင် ကုမဏီကဘယ်လိုလုပ်လည်ပတ်တော့မှာလဲ.... အဲ့လောက်လေးတောင်မစဉ်းစားတတ်ဘူးလား...."
" ဟုတ်ပါတယ်...ဂျူးပြောတာမှန်ပါတယ်.... အမတို့လည်းမြေကွက်ကအကျိုးအမြတ်ရလာရင်ကုမဏီထဲပြန်ထည့်မယ်လို့စဥ်းစားထားတာ.... ဒါပေမဲ့......"
" ဒါပေမဲ့ဘာဖြစ်လဲ....."
" အဲ့ပွဲစားကလိမ်သွားလို့.... အခုသူ့ကိုရှာတာလို့မတွေ့ဘူး.... ဖုန်းဆက်တော့လည်းစက်ပိတ်ထားတယ်တဲ့....."
" ဘာ....!!"
ဂျူး၏အသံကျယ်သွားခဲ့သည်။
ဂျူးသည်စိတ်ရူပ်စွာ ဆံပင်ကိုအပေါ်သို့လှန်သပ်လိုက်ပြီး
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."