ထမင်းစားပွဲဝိုင်းတွင် လူစုံနေသော်လဲ
စကားသံတစ်သံမှထွက်မလာခဲ့..." မမလေးဂျူး ငါးဟင်းလေးထည့်စားပါဦး..."
တိတ်ဆိတ်မှုကိုအရင်ဆုံဖြိုခွင်းသူက အမာရာ....ဂျူးအနေမခက်စေရန် အမာရာမှ စကားအရင်စပြောလိုက်ခြင်းဖြစ်သည်။
ဂျူးသည် အမာရာ့အားပြုံးပြလိုက်ပြီး
" အင်း... ကျေးဇူးနော်အမာရာ ..."
အေးချစ်ခင်သည် ဂျူးထမင်းပန်းကန်ထဲသို့ အသားဟင်းထည့်ပေးလိုက်ပြီး
" ရော့ ... ညီမ ထည့်စားနော်...."
ဂျူးသည် မကြာမှီတော်ရမည့် ယောင်းမလောင်းလေး အေးချစ်ခင်အား
အချိုသာဆုံးအပြုံးဖြင့်ပြုံးပြလိုက်ပြီး" ဟုတ်ကဲ့အမ ..."
ဂျူးသည် အေးချစ်ခင်ထည့်ပေးသော အသားဖက်အား စားလိုက်လေသည်။
"အ!!.ချဉ်လိုက်တာ..."
အမာရာသည် ပြာပြာသလဲ့ဖြင့်
" မမလေးဂျူးဘာဖြစ်လို့လဲ..."
"အသားဖက်မဟုတ်ဘူး... မန်ကျည်းသီးဖက်ကြီး..."
အမာရာသည် သူ့အမအေးချစ်ခင် တမင်လုပ်မှန်းသိလိုက်၍ အေးချစ်ခင်အား မျက်စောင်းထိုးလိုက်သည်။
အေးချစ်ခင်သည် မတော်တဆဖြစ်သွားသည်ပုံစံဖြင့်
" အော်ညီမ sorry နော်... အသားဖက်နဲ့မှားပြီးထည့်ပေးလိုက်တာ..."
" ရပါတယ်အမ... မသိလို့ထည့်ပေးလိုက်တာပဲ..."
" မမလေးဂျူးရယ်... ထွေးပစ်လိုက်တာမဟုတ်ဘူး..."
" ရပါတယ်... အမာရာရဲ့.... ဂျူးလည်းမန်ကျည်းသီးကြိုက်တယ်လေ..."
ဂျူးသည် မန်ကျည်သီးချဉ်ချဉ်ကြီးကို ထွေးမထုတ်ပဲသည်းခံပြီးစားလိုက်သည်။
" မင်းသမီးကိုယ်တိုင်အိမ်လာတာဆိုတော့ ကျွန်မတို့က၀မ်းသာပါတယ်...ဒါနဲ့မင်းသမီးက ကျွန်မတို့ညီမလေးကိုအရမ်းဂရုစိုက်တာပဲနော်..."
" ဟုတ်တာပေါ့ အမာရာနဲ့ညီမက....."
"အ..!!."
ဂျူးစကားမလွန်မိခင် အမာရာသည် ဂျုးလက်မောင်းသားလေးအားမသိမသာဆိတ်ဆွဲလိုက်ခြင်းဖြစ်သည်။
YOU ARE READING
❣️my girl ❣️
Roman d'amour"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."