Part (30) 💔 my girl 💔

82 1 0
                                    


"တကယ်ပြောတာလားမိချစ်....ဂျူးကအဲ့ကောင်မလေးကိုအကောက်ကြံပြီး သူ့ဆီအလုပ်လာလုပ်အောင်တမင်လုပ်လိုက်တာပေါ့....."

" ဟုတ်တယ်မမလေး.....မိချစ်မမလေးဂျူးရဲ့အတွင်းရေးမှူးမကိုခေါ်ပြီးတော့ နည်းနည်းပါးပါးမေးကြည့်တာ..... နှုတ်မလုံတဲ့အဲ့အတွင်းရေးမှူးမက မိချစ်ကို အစအဆုံးအကုန်ပြောပြလိုက်တာ...."

" နင်ပြောသလောက်ဆိုရင်တော့ ဂျူးကအဲ့ကောင်မလေး အမာရာကို ပထမတုန်းက ကလဲ့စားချေလို့တမင်ကြံစည်ပြီးမှ နောက်ပိုင်းကြိုက်သွားတာဖြစ်မယ်....."

သံသာသည် သေချာစဉ်းစားလိုက်ပြီး

" ဟင်း အချစ်ငှက်လေးတွေကို ငါမုန်တိုင်းကျအောင်လုပ်ပေးရမှာပေါ့....ဟားဟားဟား..."

*********************

‌" ကောင်မလေး..."မ" ကို ဟိုစာရင်းဖိုင်လေးတွေကို မိတ္ထူလေးဆွဲပေးပါလား...."

" ဟင်မရပါဘူးနော်အလကားခိုင်းလို့...."

အမာရာသည် ဂျူးမျက်နှာနားကပ်လိုက်ပြီး နှုတ်ခမ်းလေးဆူပြလိုက်သည်။

အမာရာဘာကိုဆိုလိုမှန်း သိသောဂျူးသည် အမာရာ့နှုတ်ခမ်းလေးအားနမ်းလိုက်လေသည်။

ထိုအခိုက်အတန့်အားမိချစ်သည် တံခါးထောင့်မှနေပြီး အမိအရဓာတ်ပုံရိုက်လိုက်လေသည်။

" သွားတော့နော်"မ" တာ၀န်ကျေပြီမလား..."

" ဟုတ်ပါပြီရှင့် အမာရာ့ရဲ့သခင်မလေးအမိန့်အတိုင်း ကျွန်တော်မျိုးမတာ၀န်ထမ်းဆောင်ပါတော့မယ်...."

*********************

အမာရာသည် မိတ္ထူကူးသည်နေရာတွင် မိချစ်နှင့်တွေ့လေသည်။မိချစ်ကိုဆေးရုံမှာကတည်းကမြင်ဖူးနေ၍ အမာရာ့အတွက်လူစိမ်းမဟုတ်ခဲ့........ တွေ့ဆုံပုံအစမှာ မကောင်းသော်လဲ အခုအရာရာစိတ်သစ်လူသစ်ဖြစ်နေပြီမို့ အမာရာသည် မိချစ်ကိုပြုံးပြလိုက်သည်။

မိချစ်လည်းပြန်ပြုံးပြလိုက်ပြီး

" ကံကြမ္မာကထူးဆန်းလိုက်တာနော်.... ငါတို့ကဒီမှာပြန်ဆုံရမယ်လို့မထင်ထားဘူး....."

❣️my girl ❣️Where stories live. Discover now