" ဟင့်အင်.... အမာရာဒီမှာမနေချင်ဘူး..... အမာရာ့ကိုအိမ်ပြင်ထွက်ခွင့်ပေးပါ..... မမလေးဆီသွားမယ်.... သူ.... သူအမာရာကိုမုန်းနေတာ..... အမာရာတောင်းပန်ရမယ်...."" ဖြန်း....!!!"
" တော်စမ်း.... တော်တော်အချစ်ရူးနေတာပေါ့...."
" မောင်လေး သူ့ကိုအခန်းထဲထည့်ပေးပါနော်...."အမာရာသည် ချစ်မင်းသူရင်ခွင်ထဲတွင်ရုန်းကန်ရင်း
" ချစ်မင်းသူ... နင်ဘာလို့ငါ့ကို စူပါမားကတ်ထဲကအတင်းဆွဲခေါ်လာတာလဲ.... ငါကနင်ငါ့ကို နားလည်ပေးမယ်ထင်ေနတာ....."
" ငါနားလည်ပါတယ်အမာရာ.... ဒါပေမဲ့လူကြားထဲမှာအရှက်ကွဲအောင်ပစ်မထားခဲ့နိုင်ဘူး....."
အေးချစ်ခင်သည် ချစ်မင်းသူအားမျက်နှာပူစွာကြည့်လိုက်ရင်း.....
" မောင်လေးက အဲ့အကြောင်းတွေအကုန်သိနေတာလား..."
" ဟုတ်တယ်မမ.... ကျွန်တော်ဖြစ်ကြောင်းကုန်စဉ် သိထားပြီးပါပြီ...."
အမာရာသည်ရုန်းကန်ရင်း
" အကုန်လုံးကိုမုန်းတယ်.... အမာရာ့ကိုချစ်တယ်ပြောပြီး အမာရာ့ကိုနားလည်မပေးချင်ဘူး...."
"တော်စမ်းအမာရာ... နင့်ပါးစပ်ပိတ်ထားလိုက်တော့....မိန်းကလေးချင်းကြိုက်နေတာမရှက်ဘူးလား..."
" အမာရာ ဘယ်တော့မှရှက်မှာမရှက်ဘူး.... ရှက်စရာကိစ္စလို့လဲ မမြင်ဘူး..."
အမာရာသည် အတင်းရုန်းပြီး အိပ်ခန်းထဲမှပြေးထွက်လာခဲ့သည်။
အိပ်ခန်းရှေ့တွင် အသင့်စောင့်နေသောတစ်စုံတစ်ယောက် ....
" ဟင်... အမေ..."
အမာရာ၏မိခင်ဖြစ်သူ ဒေါ်မေသဇင်....
အမာရာသည် သူမအမေအားမဝံ့မရဲကြည့်ရင်း
" အကုန်ကြားသွားတာလား..."
" ဟုတ်တယ်.... အမေအကုန်ကြားလိုက်ရတယ်... ငါ့သမီးကဘယ်လိုလူမျိုးလဲဆိုတာကိုပါသိလိုက်ရတယ်..."
" အေးချစ်ခင်သည် နိုင်ကွက်မိသွားသည့်ပုံစံဖြင့်ပြုံးလိုက်ပြီး...."
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."