တိတ်ဆိတ်နေသောအခန်းငယ်လေး..... အရင်ကအခန်းလေးထဲမှ ရယ်သံလေးတွေကအခုတော့ အိမ်မက်လိုပင်.....ဂျူးသည် မိတ်ကပ်မလိမ်းသောမျက်နှာလေးနှင့်မှန်ရှေ့မှာရပ်နေခဲ့သည်။အမြဲအကျီအနီရောင်၀တ်ခဲ့သောသူမ.....ဒီနေ့တော့အဖြူရောင်ဂါ၀န်လေးကို၀တ်ဆင်ခဲ့သည်။သွေးနှင့်တူသောအနီရောင်ကိုဂျူးထပ်မမြင်ချင်တော့......
" ညီမလေးဂျူးသွားကြမယ်လေ..... အချိန်မမှီဘဲနေမယ်...."
ဂျူးသည်ငြိုးငယ်သောမျက်နှာလေးဖြင့်
သံသာချိုကိုကြည့်လိုက်ပြီး" ဟုတ်ကဲ့....သွားရအောင်....."
*********************
ဂျူးသည်အခန်းထဲ၀င်လိုက်သည်နှင့်နှာခေါင်းထဲရလိုက်သည်က ပိုးသတ်ဆေးအနံ့......
ဆေးရုံဆိုတော့လည်းအဲ့အနံ့ရသည်မှာအထူးအဆန်းမဟုတ်တော့.........
ဆေးရုံကုတင်ပေါ်တွင်ငြိမ်သက်စွာလှဲနေသောအမာရာ...." ဟင့်အင်..... နင့်သူ့အနားကိုကပ်ခွင့်မပြုနိုင်ဘူး.... နင့်ကြောင့်ငါညီမလေး.... ငါ့ညီမလေးဒုက္ခရောက်ရတာ...."
အေးချစ်ခင်သည် ဂျူးအားရှေ့မှပိတ်ပြီးတားနေလေသည်။
ဒေါ်သဇင်သည် အေးချစ်ခင်အားတားလိုက်ပြီး
" နင်၀င်မပါစမ်းပါနဲ့.....လူငယ်တွေကြားကို...."ဒေါ်သဇင်သည်ဂျူးအားအခန်းထဲ၀င်ရန် ခေါင်းငြိမ့်ပြလိုက်လေသည်။
အခန်းထဲတွင် ဂျူးနှင့်အမာရာတို့နှစ်ယောက်သာရှိနေခဲ့သည်။
ဂျူးသည်အမာရာ့လက်လေးကိုဆုပ်ကိုင်လိုက်ပြီး
" ကောင်မလေး သတိပြန်လည်မလာတာ ဒီနေ့နဲ့ဆိုနှစ်ပတ်တောင်ရှိပြီနော်..."မ" ကိုရင်ကွဲအောင်လုပ်နေတာလားကောင်မလေးရယ်....."
ဂျူးသည်မျက်ရည်များကိုသုတ်လိုက်ပြီး" မ" ကိုကောင်မလေးကအပြစ်ပေးနေတာလား.... " မ" မျက်ရည်တွေလည်းခမ်းလုနီးပါးရှိနေပါပြီ.... ကျေးဇူးပြုပြီးပြန်နိုးလာပါတော့...."
" မ" လေ ကောင်မလေးကိုစိတ်ဆိုးမိတာအမှန်ပါ...ဒါပေမဲ့...ဒါပေမဲ့...."
YOU ARE READING
❣️my girl ❣️
Lãng mạn"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."