အမာရာ သည် စိတ်ပျက်လက်ပျက်ဖြင့် အိမ်သို့ပြန်လာခဲ့သည်။အမာရာ ပြန်လာသည်ကိုမြင်သော
အေးချစ်သည် မီးဖိုချောင်ထဲမှ" အမာရာ ညီမလေး နေ့ခင်းတောင်မရောက်သေးဘူး.. ပြန်လာတာလား"
" အလုပ်အဆင်မပြေလို့လား.. ညီမလေး"
အမာရာ သည် အလုပ်ပထမဦးဆုံးနေ့တွင်အလုပ်ရှင်၏ အအော်အငေါက်ခံရသဖြင့် အိမ်သို့စောစောပြန်လာရသည်ကို
အိမ်မှမိသားစုများအား စိတ်ဆင်းရဲအောင် ပြန်မပြောပြချင်ပေ။ထို့ကြောင့်
" ဘယ်ကသာ မမကလဲ.. အလုပ်က အဆင်ပြေပါတယ်မမရဲ့.. ဒီနေ့ အလုပ်ရှင်က အလုပ်စောစောပြီးလို့ အမာရာ့ကို အလုပ်စောဆင်းခိုင်းလိုက်တာပါ။" အေးပါ ညီမလေး အဆင်ပြေတာကိုပဲ မမကကြားချင်တာပါ... တစ်လက်စတည်းထမင်းစားလိုက်မမခူးထားလိုက်မယ်"
" ဟုတ်မမ ထမင်းခူးထားနှင့်မမ .. အမာရာရေချိုးလိုက်ဦးမယ်"
အမာရာ သည် သူမအိပ်ခန်းထဲ၀င်လာကာ ရေချိုးရန်ပြင်ဆင်တော့သည်။ထို့စဉ် အမာရာ သည် ဂျူးပြောသော စကားများကိုပြန် ကြားယောင်မိသည်။
" နင့် အကျီကချွေးတွေကနံစော်နေတာကြောင့် ငါခေါင်းမူးသွားတာ"
အမာရာ မိမိ အကျီကိုပြန်နမ်းကြည့်မိသည်။အမာရာ သည်ရေမွေးဆွတ်တတ်သူဖြစ်၍ အမာရာ အကျီတွင်ရေမွေးနံ့မှလွဲ၍ အခြားအနံ့ မရှိခဲ့ပေ။
အမာရာ မျက်မှောင်ကျုံ့လိုက်၍
" ဟင် ခေါင်းကိုက်တဲ့အထိဖြစ်ရအောင်
ထိ အနံ့လဲမနံပါဘူး... ဟိုငါရေမွေးသုံးတာနည်းလို့များ ချွေးနံ့မတရားနံလာတာလားမသိဘူး... ဟုတ်ပြီငါနောက်တစ်ခါရေမွေးများများသုံးရမယ်"အမာရာ သူမစိတ်ကူးကိုသူမ သဘောကျမိတာ ရယ်မိလိုက်လေသည်။
" အမာရာရေ ဟင်းတွေအေးကုန်ေတာ့မယ်မြန်မြန်ရေချိုးတော့နော်"
အမဖြစ်သူ အေးချစ်ခင်၏ အော်သံကြောင့် အမာရာလဲ အဆူအခံရခင် ခပ်သုတ်သုတ်ရေချိုးလေတော့သည်။

YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."