Part (24) ❣️my girl ❣️

71 1 0
                                    


" အမေ.... သမီးတို့က အမေ့ကိုပဲ အားကိုးလို့ရမယ်ထင်လို့ အကူအညီတောင်းတာလေ..... အမေကမှ မကူညီနိုင်တော့ဘူးဆိုရင် သမီးတို့က အဲ့ဟာမဂျူးပြောတဲ့ အတိုင်း အလုပ်လုပ်ရမှာလား......"

" အမေကလဲ ကျွန်တော်တို့က မတရားခံခဲ့ရလို့ အမေ့ကို အကူအညီတောင်းကာမှ အမေက မကူညီနိုင်တော့ဘူးဆိုရင် ကျွန်တော်တို့က ဘယ်သူ့ကို အကူအညီတောင်းရမှာလဲ...."

အခန်းထဲတွင် သံသာတို့မောင်နှမ နှစ်ယောက်သည် ဒေါ်သက်ထားခင်အား ကလေးတွေလို ဂျီကျနေသည်။

" ငါလည်း သူ့ကိုသွားပြောတာပဲ..... သူကမှ လက်မခံတာ.... ပြီးတော့သူက ကုမဏီရဲ့ ရှယ်ယာအများဆုံးသူလေ... သူ့ခွင့်ပြုချက်မရင်ငါလည်း ဘာမှ လုပ်လို့မရဘူး.....နင်တို့ကလည်း စာရွက်ကိုသေချာမဖတ်ဘဲ လက်မှတ်ထိုးလိုက်တော့ ငါလည်းဘာမှ မတတ်နိုင်တော့ဘူး..... အလုပ်က ကုမဏီအလုပ်ဆိုတော့ သိပ်လည်းမပင်ပန်းပါဘူး လုပ်လိုက်ပါတော့နော်...."

" ဟာ ကျွန်တော်တို့က အဲ့တာဆို အလုပ်လုပ်ရတော့မှာပေါ့ ..... ကျွန်တော်တို့မှ ဘယ်လိုလုပ်ရမှန်းမသိတာ...."

" အဲ့တာကြောင့် အမေက အကူတစ်ယောက်ခေါ်ပေးထားမယ်...."

" ၀င်လာခဲ့.."

ဒေါ်သက်ထားခင် ခေါ်လိုက်သည်နှင့် အခန်းထဲသို့ ကောင်မလေးတစ်ယောက်၀င်လာခဲ့သည်။

" သူက ဘယ်သူလဲ အမေ"

" သူ့နာမည်က မိချစ်တဲ့ ဂျူးဆေးရုံတတ်တုန်းက အကူအဖြစ်အလုပ်လုပ်ဖူးတယ်.... သားတို့ကို စာရင်းတွတ်တဲ့နေရာမှာ ကူညီပေးလိမ့်မယ်...."

သံသာသည် မိချစ်အား အထင်သေးသည့် မျက်လုံးဖြင့် ကြည့်လိုက်ပြီး

" ဆေးရုံးအကူမက ကုမဏီရဲ့ စာရေးတွေကို ကူညီနိုင်လို့လား... ကြည့်လဲလုပ်ပါဦးအမေရယ်.... တော်ကြာသူ့ကြောင့်ပြန်လျော်နေရပါဦးမယ်...."

" မိချစ်က ဆေးရုံအကူလုပ်ပေမဲ့ အရင်က ရုံးစာရေးလုပ်ခဲ့ဖူးပါတယ်....."
မိချစ်သည် သံသာကို မကျေနပ်သည့်မျက်လုံးဖြင့်ကြည့်လိုက်ရင်း

" ပြီးတော့ မိချစ်က ဆယ်တန်းလည်းအောင်ထားပါတယ်..."

မိချစ်စကားသည် ဆယ်တန်းမအောင်သော သံသာတို့မောင်နှမ နှစ်ယောက်ကို စော်ကားသလိုဖြစ်နေ၍

❣️my girl ❣️Where stories live. Discover now