ဆေးရုံခုံတန်းပေါ်တွင် မိန်းမပျိုလေးတစ်ယောက် မျှော်လင့်ချက်များစွာဖြင့်
သတင်းကောင်းကို မျှော်လင့်နေခဲ့သည်။ ထိုသူမှာ အမာရာ ဆိုသောကောင်မလေးပင်ဖြစ်သည်။
အမာရာ မျှော်လင့်ချက်တွေ ပြည့်၀ သွားခဲ့သည်။သူမ၏ ဒေါ်လေးသတိရလာခဲ့သည်။ Doctor ပြောသည့်စကားများအရ သူမ၏ဒေါ်လေးသည် ဆိုင်ကယ်တိုက်သည့်ဒဏ်ရာကြောင့် အပျင်းဖျားခြင်းသာဖြစ်သည်။ မကြာမှီ သက်သာပျောက်ကင်းမည်ဖြစ်သည်။အမာရာ ဆေးရုံအဆောင်ထဲမှထွက်လာသော သူမအမ အေးချစ်ခင်ကိုမြင်မြင်ချင်း ၀မ်းသာအားရပြေးဖတ်ခဲ့သည်။
" တော်သေးတာပေါ့မမရယ် ကြီးကြီးတစ်ခုခုမကောင်းတာဖြစ်ပြီလားလို့ စိုးရိမ်လိုက်ရတာ"
အေးချစ်ခင်သူမ ညီမလေးအမာရာကို တင်းကျပ်စွာ ဖတ်ထားလိုက်သည်။
" မမလည်းစိုးရိမ်သွားတာလေ"
" တော်သေးတာပေါ့ ကြီးကြီးမှ မဖြစ်တာပဲကျေးဇူးတင်ရမယ်"
" ဒါပေမဲ့ Doctor က ကြီးကြီးကို ဆေးရုံကနေ မဆင်းခိုင်းသေးဘူး.. အခြေအနေကိုနှစ်ရက်လောက် စောင့်ကြည့်မှရမယ်တဲ့နော်"" ဟုတ်လားမမဒါဆိုအိမ်မှာလိုအပ်တာတွေသွားယူရမှာပေါ့နော်"
" ဟုတ်တာပေါ့ ဒါကြောင့်မမအိမ်ကိုပြန်ပြီး လိုအပ်တာလေးတွေသွားယူလိုက်ဦးမယ်နော်... ညီမလေးကြီးကြီးလိုအပ်တာလေးတွေလုပ်ပေးဖို့အနားမှာနေလိုက်ဦးနော်"
" ဟုတ်မမ စိတ်မပူပါနဲ့ အမာရာသေချာစောင့်ရှောက်လိုက်ပါ့မယ်"
******************
" အမာရာ သမီးလေး ကြီးကြီးကြောင့်ပင်ပန်းနေပြီလားသမီးရယ်"
" အာ ကြီးကြီးကလည်းဘာလို့ပင်ပန်းကမှာလဲ ... ကုသိုလ်တောင်ရသေးတယ် "
" ကြီးကြီးကို ပြုစုခွင့်ရတဲ့အတွက်တောင်
အမာရာ ၀မ်းသာရမှာပါ "
" အမာရာ ကြီးကြီးတစ်ခုလောက်တောင်းဆိုချင်တယ် "
" ဘာများလဲကြီးကြီးရဲ့"" မနက်ထဲက ကြီးကြီးဘာမှမစားရသေးဘူးသမီးရဲ့ ကြီးကြီးဗိုက်ဆာတယ်"
" ဟုတ်လားကြီးကြီး ဆရာ၀န်က ကြီးကြီးကိုအမာစာတော့ ရှောင်ခိုင်းထားတယ် . ..
ဟို ဆန်ပြုတ်လောက်တော့ သောက်လို့ရမယ်ထင်တယ်ကြီးကြီးရဲ့"
" မမကို မှာလိုက်ရင်မမက အလုပ်ရူပ်နေဦးမယ် .. "
" အမာရာ ဆေးရုံထိပ်က စားသောက်ဆိုင်တွေမှာ ဆန်ပြုတ်လေးများရမလားမသိဘူး... အမာရာ သွား၀ယ်လိုက်မယ်နော် ကြီးကြီး"
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."