ရေပန်းအောက်တွင် ဂျူးတစ်ယောက် ငြိမ်သက်စွာထိုင်နေခဲ့သည်။သူမမျက်ရည်များကို ရေပန်းမှရေများကသယ်ဆောင်
သွားခဲ့သည်။ဤရေချိုးခန်းလေးသည်
သည် သူမအတွက် ငြိမ်းချမ်းမှုပေးနိုင်သည့် တစ်ခုတည်းသောနေရာလေးဖြစ်
ပေသည်။သူမမျက်လုံးများကိုမှိတ်ထားလိုက်သည်။အတိတ်၏ အာရုံများက သူမ စိတ်ထဲတိုး၀င်လာခဲ့သည်။
"ဂျူးလေးရေ သမီးလေး .. ဒီနားလာပါဦးသမီးရဲ့"
" ဟာ မေမေဈေးကပြန်လာပြီလား .."
" သမီးအတွက်အရုပ်၀ယ်လာလားဟင်"
" အော်သမီးကလည်း မေမေ့မှာအရုပ်ထက်ပိုကောင်းတဲ့ လက်ဆောင်ပါတယ်သမီးရဲ့"
" ဘာကြီးမိုလို့လဲမေမေရဲ့"ဒေါ်မေသက်ထားတစ်ယောက် လက်ကိုင်
အိတ်ထဲတွင် သေချာထည့်လာခဲ့သော စာရွက် တစ်ချို့ကို ဂျူးလိုက်ထဲသို့ထည့်ပေးလိုက်သည်။၉ နှစ်အရွယ်သာရှိသေးသောဂျူးတစ်ယောက် သူမအမေ၏လုပ်ရပ်ကို နားမလည်ခဲ့ပေ။
" ဒါကြီးကဘာစာရွက်တွေလည်းဟင်"
ဒေါ်မေသက်ထားတစ်ယောက် မျက်နှာကို
အချိုသာဆုံးပြုံးလိုက်ပြီး...
" ဒါကဘာစာရွက်တွေလဲဆိုတော့ သမီးသရုပ်ဆောင်ပေးရမယ့် ဇာတ်ညွှန်းတွေသမီးရဲ့"
ဂျူးခေါင်းထဲစိတ်ရူပ်ခြင်းနှင့် အတူမေးခွန်းပေါင်းများစွာပေါ်ပေါက်လာခဲ့သည်။" သမီးအတွက်ဇာတ်ညွှန်းဟုတ်လားမေမေ ..ဘာကိုဆိုလိုတာလဲမေမေ"
ဒေါ်မေသက်ထားတစ်ယောက် ဂျူးကိုသူမရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ..." မေမေကဘာကိုဆိုလို တာလဲဆိုတော့ ...
မေမေတို့အသိတွေနဲ့မေမေ မနေ့ကသွားတွေ့ခဲ့တယ်သမီးရဲ့"
"သူတို့ကိုသမီးပုံလေးပြလိုက်တော့ သူတို့ကမြင်မြင်ချင်း သမီးကိုချစ်သွားကြတယ်လေ..."
" သူတို့ကသမီးကိုမင်းသမီးလုပ်ခိုင်းဖို့အကြံပေးလာကြတယ်... သူတို့မိတ်ဆွေ ဒါရိုက်တာတွေရှိတယ်တဲ့ ... မိတ်ဆက်ပေးမယ်ပြောတယ်သမီးရဲ့"" မေမေလည်းစိတ်၀င်စားတာနဲ့ ဒီနေ့မနက်ပဲသူတို့ညွှန်းတဲ့ဒါရိုက်တာနဲ့ သွားတွေ့ခဲ့တယ်လေ"
" သမီးပဲကံကောင်းတာလားမသိဘူး သမီးရယ် .... ဒါရိုက်တာက ကလေးသရုပ်ဆောင်ရှာနေတာနဲ့အတော်ဖြစ်သွားတယ်သမီးရယ်"
" မေမေလည်း သမီးပုံကိုပြလိုက်တာ သူကတစ်ခါတည်းလက်ခံလိုက်တယ်လေ သမီးရဲ့"
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."